မွန်ပြည်နယ်မှာ ယာယီလိုင်စင်ဆိုင်ကယ်တွေ ဖမ်းဆီးငွေညှစ်ခံနေရ
မော်လမြိုင် ၊ ဧပြီ ၉ မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ယာယီလိုင်စင် ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံပူးပေါင်းအဖွဲ့ဝင်တွေဟာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ခေါင်း စဉ်နဲ့ မြို့ဝင်မြို့ထွက် နေရာတွေအပါအဝင် ယာဉ်သွားယာဉ်လာများတဲ့ နေရာတွေမှာ ယာယီလိုင်စင် ဆိုင်ကယ်တွေကို စစ်ဆေးပြီး…