KARENNI STATE, MYANMAR - 2022/07/04: Karenni Nationalities Defence Force (KNDF) soldiers are walking in a valley during an armed conflict with the Burmese Army Tatmadaw. The Karenni Nationalities Defence Force (KNDF) is an armed insurgent group in Myanmar formed after the 2021 Myanmar coup d'état by Commander-in-Chief Min Aung Hlaing. The KNDF also includes other organizations, such as the Karenni National Progressive Party (KNPP). (Photo by Kaung Zaw Hein/SOPA Images/LightRocket via Getty Images)

သထုံ၊ ဧပြီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ မတ်လအတွင်း နှစ်ဖက်တိုက်ပွဲ ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ကောင်စီဘက်က လေကြောင်းကင်းထောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ ဘားအံမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လအတွင်း နှစ်ဖက်တိုက်ပွဲ ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မှု နှစ်ကြိမ်၊ ပြောက်ကျားပစ်ခတ်မှု နှစ်ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်၊ ထိပ်တိုက်ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီထံကနေ သေနတ်နှစ်လက်၊ ကျည်ဘောက်ခြောက်ခုနဲ့ ခဲယမ်းတချို့လည်း သိမ်းဆည်း ရမိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦးကျဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတချို့လည်း ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အခုဧပြီလအတွင်းမှာ ငလျင်ကြောင့် စစ်ကောင်စီဘက်က အပစ်ရပ်ထားတယ်လို့ ကြေညာထားပေမယ့် နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ကင်းထောက်မှုတွေ ဆက်လက်လုပ်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း KNU သထုံခရိုင်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀၊ ဒရုန်းနဲ့ဗုံးကြဲမှု ခြောက်ကြိမ်၊ လေကြောင်းကနေ တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.