တိုကျို၊ ဧပြီ ၇

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်အတုပ်တွေကြောင့် ကမ္ဘာတဝန်း ထိတ်လန့် တုန်လှုပ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေချိန်မှာ အာရှ စတော့ရှယ်ယာဈေးကွက်မှာ ဈေးနှုန်းတွေ ထိုးကျသွားခဲ့ပါတယ်။

ဧပြီ ၇ ရက် ဈေးကွက်ဖွင့်ချိန်မှာ ဂျပန် Nikkei 225 ဈေးကွက်ရဲ့ ဈေးနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ဟောင်ကောင် Hang Seng ဈေးကွက် ဈေးနှုန်း ၉ ဒသမ ၈ ရာခိုင်နှုန်း၊ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ဗြိတိန် ဘဏ်တွေ ဖြစ်တဲ့ HSBC နဲ့Standard Charted တို့ရဲ့ ရှယ်ယာဈေးတွေလည်း ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဈေးကွက်တွေ ပြန်လည် ဖွင့်လှစ်ချိန်မှာတော့ Wall Street ရဲ့ ရှယ်ယာဈေးတွေလည်း ထိုးကျသွားဖို့ ရှိနေတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောကြားပါတယ်။

Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားရာမှာ သမ္မတ ဒေါ်နယ် ထရန့်က တစ်ခုခုကို ပြင်ဆင်ဖို့ တစ်ခါတလေမှာ ဆေးသောက်ကြရလိမ့်မယ်လို့ ပြောပါတယ်။

Goldman Sachs ရင်းနှီးမြှုပ်နှံရေးဘဏ်က အမေရိကန်ရဲ့ စီးပွားရေးဟာ ၁၂ လ အတွင်း ၄၅ ရာခိုင်နှုန်း ဆုတ်ယုတ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခွန်တွေ တိုးမြှင့် ပြဌာန်းကြောင်း ထရန့်က ကြေညာပြီးနောက် ဘဏ်တွေက စီးပွားရေး ဆုတ်ယုတ်နိုင်ခြေကို တိုးပြီး ခန့်မှန်းထားကြပါတယ်။

ဧပြီ ၇ ရက် ဈေးကွက်ဖွင့်ချိန်မှာ အိန္ဒိယ စတော့ရှယ်ယာ ဈေးနှုန်းတွေလည်း ထိုးကျသွားခဲ့ပါတယ်။

အာရှရဲ့ စတော့ရှယ်ယာဈေးတွေ ထိုးဆင်းသွားတာက ထရန့်ရဲ့ အခွန် တိုးကောက်မှုကြောင့် ကမ္ဘာတဝန်း ထိတ်လန့်မှုတွေ ဖြစ်ပွားစေခဲ့ကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

သမ္မတ ထရန့်က သူ့ရဲ့ အခွန်တိုးကောက်တဲ့ လုပ်ရပ်ကို ကာကွယ်ထားပြီး မိမိတို့နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူလိုနေတဲ့ နိုင်ငံတွေ အများကြီး ရှိနေတယ်လို့ ပြောကြားပါတယ်။

တရုတ်ကတော့ အမေရိကန်ကုန်စည် အားလုံးအပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အခွန် ၃၄ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မယ့်အချိန် နီးကပ်လာနေပေမယ့် အခွန်အတုပ်တွေကြောင့် ကမ္ဘာ့စီးပွားရေး ဘယ်လောက် အတိုင်းအတာအထိ ထိခိုက်နိုင်လဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.