April 6, 2025

အမျိုးသားအဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ် ဖွဲ့စည်းဖို့ မွန်အမျိုးသားညီလာခံ ဆုံးဖြတ်

မော်လမြိုင် ၊ ဧပြီ ၆ မွန်အမျိုးသားရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အင်အားစုတွေ စုစည်းညီညွတ်စွာ ပူးပေါင်းနိုင်ရေး အမျိုးသားအဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မွန်အမျိုးသားညီလာခံအပြီးမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ မွန်အမျိုးသားညီလာခံကနေ အမျိုးသားအဆင့် ပူးပေါင်းဆောက်ရွက်မှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းအကောင်အထည်ဖော်သွားဖို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက တညီတညွတ်တည်း ဆွေးနွေးသဘောတူခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့တွေက တင်ပြလာတဲ့ မွန်လူငယ်ရေးရာမူဝါဒနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒ…