မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ စစ်ကောင်စီရဲ့ စစ်မှုထမ်းပစ်မှတ်ဖြစ်လာ
မော်လမြိုင် ၊ ဧပြီ ၆ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှု ထမ်းသင်တန်းတွေထံ ချက်ချင်းပို့ဆောင်တာတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ လူငယ်တွေကို မူးယစ်ဆေးဝါးသတင်းအရ ရှာ ဖွေဖမ်းဆီးတာတွေရှိသလို လူစည်ကားရာနေရာတွေမှာ ပိတ်ဆို့စစ်ဆေးပြီးနောက် မူးယစ်ဆေးဝါး တွေ့ရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်းတွေထံ…