လောင်းလုံး၊ မတ် ၁၁
တနင်္သာရီတိုင်းဒေသခကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတွေက ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အချိန် ၆ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ ပင်လယ်ပြင်ရှိ စစ်ကောင်စီ စစ်သ င်္ဘောနဲ့ ထားဝယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထားဝယ်မြို့ ကာစတန်ဆိပ်ကမ်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ လောင်းလုံးမြို့ပေါ်ရှိ ထိန်သစ်ဘုန်းကြီးကျောင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတော်တစ်ပါးအပါအဝင် ဒေသခံသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ က မြောကင်းတံတား စစ်ဆေးရေးဂိတ်မှာ အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးရေးတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု စစ်ရေးဦးဆောင်မှုနဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT ၊ ကျောင်းသာတော်လှန်ရေးတပ်ဖွဲ့နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းနှစ်ခု အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF