ဘုတ်ပြင်း၊ မတ် ၁၂

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ဘုတ်ပြင်းမြို့နယ် ခဲချောင်းကျေးရွာကို လေကြောင်းကနေ လရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲခံရတာကြောင့် ခဲချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ခဲချောင်းဆေးခန်းအနီးက နေအိမ်နှစ်လုံးလည်း ဗုံးစထိမှန်ကာ ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗုံးကြဲမှုအတွင်း ပေါင်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုတော့ တောင်ငယ်ကျေးရွာဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်ဟာ တနင်္သာတိုင်းထဲရှိ အခြားမြို့နယ်တွေလိုမျိုး တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင် စီဘက်က စစ်ကြောင်းထိုးတာတွေ မရှိသလောက် နည်းပါးတဲ့ မြို့နယ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.