March 11, 2025

စစ်အာဏာသိမ်း (၁၅၀၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၂ AAPP ရဲ့ မတ် ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၀) ရက်အတွင်း ပြည်သူ (၆၃၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးအပြီး တရုတ်လာရောက်တွေ့ဆုံမှု ဘာသဘောဆောင်လဲ

နေပြည်တော် ၊ မတ် ၁၂ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားခရီးစဉ်အပြီး တရုတ်အထူးကိုယ်စားလှယ်က နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ နေပြည်တော်ကို လာရောက်ဆွေးနွေးခဲ့တယ်လို့ စစ်‌ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက မတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အပြန်အ လှန်အကျိုးဖြစ်စေမယ့် ဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့တဲ့…

အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပိုမိုပြင်းထန်လာ

ကော့ကရိတ်၊ မတ် ၁၂ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကို နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးအဖြစ် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNLA PDF ပူးပေါင်းတပ်တို့အကြား အခုနှစ် ဖေ ဖော်ဝါရီလကုန်ပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေပါတယ်။ မြဝတီ၊ သင်္ဃန်းညီနောင်ဒေသနဲ့ အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလပိုင်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး…

စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး တနင်္သာရီမြို့နယ်ပကဖထံ အလင်းဝင်

တနင်္သာရီ၊ မတ် ၁၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မတ် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပုလောမြို့အခြေအစိုက် အမှတ်၂၈၅ ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း တပ်သားမောင်မျိုးနဲ့ တပ်သားဂျာဂျာတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပကဖအဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး…

ဘုတ်ပြင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံနှစ်ဦးဒဏ်ရာရ

ဘုတ်ပြင်း၊ မတ် ၁၂ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ဘုတ်ပြင်းမြို့နယ် ခဲချောင်းကျေးရွာကို လေကြောင်းကနေ လရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။…

ဗြိတိန်ဟာ ကမ္ဘာ့အကြီးမားဆုံး စစ်မီးမွှေးတဲ့နိုင်ငံ ဖြစ်တယ်လို့ ရုရှား စွပ်စွဲ

မော်စကို၊ မတ် ၁၁ ယူကရိန်း ငြိမ်းချမ်းရေး ရရှိရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ဗြိတိန်က ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ ရုရှား နိုင်ငံခြားထောက်လှမ်းရေးဌာနက မတ် ၁၀ ရက်မှာ စွပ်စွဲလိုက်ပြီး ဗြိတိန်ဟာ ကမ္ဘာမှာ အကြီးမားဆုံး စစ်မီးမွှေးတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောပါတယ်။ ဝါရှင်တန်က နိုင်ငံတကာကိစ္စတွေမှာ ဗြိတိန်ကို ဘေးထုတ်ထားတာကြောင့် ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး…

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ICC ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခံရ

မနီလာ၊ မတ် ၁၁ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို လူသေဆုံးမှု များပြားခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC က ထုတ်ထားတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ ဖမ်းဝရမ်းအရ ဖမ်းဆီးခံလိုက်ရပါတယ်။ အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအတွင်း ဆင်းရဲသား အများစုပါဝင်တဲ့…

TNLA နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံး

TNLA နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံး နောင်ချို၊ မတ် ၁၁ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က မတ် ၁၀…

ဘီးလင်းမှာ စစ်တပ်ဒရုန်းဗုံးကြောင့် ဒေသခံနှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ မတ် ၁၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနဲ့ပိုင်ဒဝယ်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မတ် ၁၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာနဲ့ပိုင်ဒဝယ်ကျေး ရွာချင်းဆက်လမ်းပေါ်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးတစ်လုံးဟာ…

လောင်းလုံးမြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံး

လောင်းလုံး၊ မတ် ၁၁ တနင်္သာရီတိုင်းဒေသခကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတွေက ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ မနက် ၆…