March 10, 2025

စစ်အာဏာသိမ်း (၁၄၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၁ AAPP ရဲ့ မတ်၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၄၉၉) ရက်အတွင်း ပြည်သူ (၆၃၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၇၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၇၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ဒီမိုကရေစီနဲ့ တိုင်းရင်းသားအခွင့်အရေး ပေးထားတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ မတ် ၁၁ ဒီမိုကရေစီအပါအဝင် တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေလည်း ပေးထားတာဖြစ်လို့ တစ်ဘက်သတ်အခွင့်အရေး ဘယ်တော့မှ ပေးလို့ရမှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်အပြန် ငြိမ်းချမ်ရေးနဲ့ပတ်သက်ပြီး စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ထောက်ခံတဲ့ ပြည်တွင်းရှိ သတင်းမီဒီယာတချို့ရဲ့ မေးမြန်းမှုကို လေ ယာဉ်ပေါ်မှာ ဖြေကြားပေးခဲ့တာပါ။ နိုင်ငံရေးအရ ပြည်သူတွေတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့ ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်…

ထားဝယ်ခရိုင်က စစ်ကောင်စီဂိတ်စခန်းနှစ်ခု အလစ်ငိုက်ဝင်တိုက်ခံရလို့ ငါးဦးသေဆုံး

ထားဝယ်၊ မတ် ၁၁ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းနှစ်ခု အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့မှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ဂိတ်စခန်းနဲ့ ရေဖြူမြို့အဝင် စစ်ဆေးရေးတံတားဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အလစ်ငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့ စစ်ဆေးရေးဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း အချိန်နာရီဝက်နီးပါးအကြာ…

မုဒုံမြို့နယ်မှာ မွန်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

မုဒုံ ၊ မတ် ၁၁ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကလော့သော့ကျေးရွာမှာ ဆိုင်ကယ်စီးနင်းလာတဲ့ မွန်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မတ်လ၁၀ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ မွန်လူငယ်နှစ်ဦးကို စစ်ကောင် စီနဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ကျေးရွာဆေးပေးခန်းအနီးမှာပဲ သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့်…

စလင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေ

မကွေး မတ် ၁၀ မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၈ ရက်ကစလို့ စလင်းမြို့နယ် ကျပင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာ ငါးရွာက ပြည်သူတွေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ “လက်ရှိအချိန်အထိတော့ စစ်ကြောင်းကရှိနေသေးတယ်။ ကျပင်းရွာကပြည်သူတွေနေအိမ်တွေကို ဖောက်ထွင်း…

အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန် ထိပ်တန်းခေါင်းဆောင် ပြော

တီဟီရန်၊ မတ် ၁၀ နျူကလီးယား သဘောတူညီမှု ရယူရေး သမ္မတ ဒေါ်နယ်ထရန့်က ဖိအားပေးလာပြီးနောက် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အနိုင်ကျင့်တတ်တဲ့ နိုင်ငံတွေက ညှိနှိုင်းဖို့ တိုက်တွန်းတာဟာ တခြားနိုင်ငံတွေကို ကြီးစိုးဖို့ ရည်ရွယ်တာ ဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့…

အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့်မယ်လို့ ကနေဒါဝန်ကြီးချုပ်လောင်း ကြွေးကြော်

အိုတာဝါ၊ မတ် ၁၀ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးရဲ့ နေရာကို ဆက်ခံမယ့် မက် ကာနေက မငြိမ်သက်မှုတွေ များလာနေတဲ့အချိန် နိုင်ငံ့ ခေါင်းဆောင်နေရာကို ရယူချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့် ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကနေဒါ ဗဟိုဘဏ်နဲ့ အင်္ဂလန်ဘဏ် အုပ်ချုပ်ရေးမှူးဟောင်းဟာ ကနေဒါဝန်ကြီးချုပ် နေရာကို…

ထန်းတပင်မှာ ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရလို့ ကစဉ့်ကလျား ထွက်ပြေး

ထန်းတပင်၊ မတ် ၁၀ ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာ စစ်လက်နက်ခဲယမ်းရိက္ခာတွေ သွားရောက်ပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတယ်လို့ စစ်တောင်း Campaign က သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တောတထူ(ထန်းတပင်)မြို့နယ်ထဲမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ရေသုတ်ကြီးစခန်းက စစ်ကောင်စီတပ်သားတွေဟာ နောစိုတပ်စခန်းဆီကို မတ်လ…

ရေးမြို့ပေါ်မှာ နယ်ထိန်းရဲ တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ရေး၊ မတ် ၁၀ မွန်ပြည်နယ် ရေးမြို့ အောင်သုခရပ်ကွက် ပါရမီကျောင်းလမ်းမှာ နယ်ထိန်းရဲ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မတ် ၉ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က ပါရမီကျောင်းလမ်းအတွင်းရှိ ဘီယာဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ ရေးမြို့မရဲစခန်းက နယ်ထိန်းရဲ မျိုးသူကို ရေးဘီလူးအဖွဲ့က…

သံတောင်ကြီးမြို့နယ်ထဲက စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ခံရ

သံတောင်ကြီး၊ မတ် ၁၀ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ သပြေညွန်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က မတ် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သံတောင်ကြီးမြို့နယ်နဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ်အစပ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ သပြေညွန့်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၇၃ လက်အောက်ခံ တပ်စခန်းကို မတ် ၆ ရက်နေ့မှာ…