သရက်ချောင်း၊ ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ၁၇ ရက်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစပြီး အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေဟာ သရက်နှစ်ခွ၊ ပန်းပြင်၊ ပိန်းတော၊ ဥတ္တူ၊ ရန်တောင်ကျေးရွာတို့မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိသလို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်သုံးဦး ကျဆုံးခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA-1 သေနတ် ၂ လက်၊ G-3 သေနတ် ၁ လက် ၊ RPG ၁ လက် နဲ့ အခြားစစ်သုံးပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
အချိန် ၁၇ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ သရက်ချောင်းတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးပါဘူး။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5Thanintharyi ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအ တွင်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ထားဝယ်ခရိုင်တပ်ပေါင်းစု