မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်မှာ လာမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အတွက် စစ်ကောင်စီရဲ့ သက် ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လူသစ်စုဆောင်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် သက် ဆိုင်ရာ ရပ်ကွက်အလိုက် အစည်းအဝေးခေါ်တာ၊ လူအစားထိုးဖို့ ငွေကြေးတောင်းခံတာတွေ ပြု လုပ်လာတာ ဖြစ်ပါတယ်။
ငွေကြေးမပေးဆောင်လိုသူတွေအနေနဲ့ အသက်အရွယ်အတွင်း အကျုံးဝင်ပါက စစ်မှုထမ်းသင် တန်း တက်ရောက်ဖို့အတွက် မဖြစ်မနေ မဲနှိုက်ရမှာဖြစ်ပြီး မဲမနှိုက်လိုသူတွေကိုတော့ ဆင့်ခေါ်စာနဲ့တကွ လာရောက်ခေါ်ဆောင်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိနေတာပါ။
မော်လမြိုင်ဒေသခံ တစ်ဦးကတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အတွက် ရပ်ကွက်အလိုက် အစည်းအဝေးခေါ်ယူကာ လူပေးရင်ပေး၊ မပေးရင် ပိုက်ဆံပေးရမယ်ဆိုပြီး ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
“အခုက မော်လမြိုင်မြို့မှာ တော်တော်များများ အိမ်အားလုံးကို အစည်းအဝေးခေါ်ပြီးတော့ စစ်မှု ထမ်းကိစ္စ လူပေးရမယ်။ လူမပေးရင် ပိုက်ဆံပေးရမယ် ဆိုပြီးတော့ ပိုက်ဆံစကောက်နေတယ်။ အ နိမ့်ဆုံး တစ်အိမ်ကို တစ်သောင်းပေါ့။ ပိုက်ဆံအရမ်းရှိတဲ့ အိမ်တွေကျတော့ ပုံစံတစ်မျိုး ကောက်တယ်။ အနေအထားကြည့်ပြီးတော့ ပိုက်ဆံရှိတဲ့အိမ်တွေကျ သုံးသောင်းတို့ ငါးသောင်းတို့ ကောက်တယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်မှုထမ်းသင်တန်းအတွက် လူစားထိုး အငှားခေါ်ယူဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေ ကြေးတောင်းခံတာအပြင် ညဘက်တွေမှာ အပြင်ထွက်တဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးပြီး စစ်မှု ထမ်းသင်တန်း ပို့ဆောင်တာတွေ ရှိနေပါတယ်။
တဖက်မှာတော့ စစ်ကောင်စီရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းခေါ်ယူဖို့အ တွက် မြို့ပေါ် ရပ်ကွက်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသလို ဆင့်ခေါ်စာနဲ့တကွ နေ အိမ်တွေအထိ ဖမ်းဆီးမှုတွေပါ ရှိလာပါတယ်။
ဘီးလင်းဒေသခံ တစ်ဦးကတော့ တော်လှန်ရေး အဖွဲ့တွေ ရှိတဲ့ နေရာတွေမှာ စစ်ကောင်စီဘက်က တိုးတိုးတိတ်တိတ်သာ လိုက်လံစည်းရုံးမှုရှိပြီး လူလိုအပ်ချက်ရှိပါက ညဘက်တွေ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းဆီးကာ စစ်သားသစ်စုဆောင်းတာရှိတယ်လို့ ပြောပါတယ်။
“တိုးတိုးတိတ်တိတ် လက်ချိတ်ပြီးတော့ သူတို့ ရာအိမ်မှူးတွေ ဆယ်အိမ်ခေါင်းတွေ အဲဒါတွေက နည်းနည်း ဘယ်သူဆန္ဒရှိလဲဆိုပြီး အဲဒါတွေ လိုက်စည်းရုံးတာပဲရှိတယ်။ သူတို့က စည်းရုံးတယ်၊ စည်းရုံးတော့ ပိုက်ဆံနှစ်သိန်းတို့ သုံးသိန်းတို့ ပေးသွားတယ်။ ထောက်ပံ့ကြေးပေးပြီး ခေါ်သွားတယ် ။ အဲဒါတွေလည်းရှိတယ်။ တစ်ခါတလေ နည်းနည်းလိုတဲ့ဟာတွေကျတော့ ညသန်းခေါင်ကျော် လမ်းမှာတွေ့တဲ့ ဥစ္စာတွေကို ကောက်ဆွဲပြီးတော့ ဖြည့်ပြီးတော့ ပို့လိုက်တာတွေ ရှိတယ်” လို့ ဆိုပါတယ်။
နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားဖြည့်တင်းဖို့အတွက် ပြည် သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်နှစ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ သင်တန်းဖွင့်လှစ်လာတာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၀ အထိ စစ်သားစုဆောင်းခံရသူ စုစုပေါင်း ၁၉၀၀ ဝန်းကျင်ထိ ရှိလာခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC