ကြာအင်းဆိပ်ကြီး၊ ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခုနှစ်ဝါကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ ခုနှစ်ဝါကျေးရွာကို ဂျက်ဖိုက်တာ တိုက်ခိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာပါ။
ဗုံးကြဲမှုကြောင့် ခုနှစ်ဝါကျေးရွာနေ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အ သက် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေအနက် ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဟာ လမိုင်းမြို့ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့လာရောက် ဗုံးကြဲသွားတဲ့အ တွက် ဒေသခံပြည်သူတချို့ စိုးရိမ်ကြောက်လန့်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ လေ့လာတွေ့ရှိချက်တွေအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀၀ ထက်မနည်း သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media