မွန်ပြည်နယ်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ပဲအထွက်နှုန်း သိသိသာသာကျဆင်း
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၇ မွန်ပြည်နယ်မှာ ထွက်ရှိတဲ့ ဆောင်းရာသီ သီးနှံဖြစ်တဲ့ ပဲစိုက်ခင်းတွေဟာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပဲအထွက်နှုန်းတွေ သိသိသာသာ ကျဆင်းလာတယ်လို့ ပဲစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲစိုက်ခင်းတွေဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် နှင်းခါးရိုက်ပြီး အသီးပွင့်တွေ ပျက်စီးသွားတဲ့အတွက် ပဲအထွက်နှုန်း သိသိသာသာ ကျဆင်းမှုနဲ့ကြုံနေရတာပါ။ အခုလို ပဲစိုက်ခင်းတွေ အရင်လို အသီးမတင်တော့ဘဲ ပျက်စီးသွားတာ၊…