February 17, 2025

စစ်အာဏာသိမ်း (၁၄၇၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၈ AAPP ရဲ့ ဖေဖော်ဝါရီ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၄၇၈) ရက်အတွင်း ပြည်သူ (၆၂၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၄၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

TNLA ကို အပေါ်စီးကနေ ဆွေးနွေးနိုင်ဖို့ စစ်ရေးအရ စစ်ကောင်စီဖိအားပေး

နောင်ချို ၊ ဖေဖော်ဝါရီ ၁၈ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တအာင်းအဖွဲ့ TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တွေ့ ဆုံမှုမှာ အပေါ်စီးကနေဆွေးနွေးနိုင်ဖို့ စစ်ကောင်စီက စစ်ရေးအရဖိအားပေးပြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေက တရုတ်အစိုးရရဲ့ စီစဉ်မှုအရ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်…

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၈ မွန်ပြည်နယ် မြို့နယ်အများစုမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုရဲ့ စက်သုံးဆီ အများအပြား ဝယ်ယူစုဆောင်းမှုကြောင့် တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုး ပြု ကရင့်တပ်မတော် DKBA တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့…

ဘားအံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံငါးဦးဒဏ်ရာရ

ဘားအံ၊ ဖေဖော်ဝါရီ ၁၈ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော်ဟဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညသန်းခေါင်ယံချိန်မှာ တိုက်ပွဲမရှိဘဲ ကော်ဟဲကျေး ရွာကို လေယာဉ်နဲ့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကော်ဟဲကျေးရွာက နေအိမ်ကိုးလုံး ထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့…

နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ကမမောင်းဒေသခံ ထောင်နဲ့ချီနေရပ်စွန့်ခွာ

ကမမောင်း၊ ဖေဖော်ဝါရီ ၁၈ ကရင်ပြည်နယ် ကမမောင်းမြို့မှာ နှစ်ဖက်စစ်ရေးတင်းမာမှုနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်တဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေစပြီး ဘားအံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကနေ သံလွင်မြစ်တဖက်ကမ်းက KNU တပ်မဟာ ၁ နယ်မြေ ဝတ်ကြီးကျေးရွာအုပ်စုနဲ့ ကမမောင်းမြို့အနီးက ကျေးရွာတွေထဲကို…

ပွင့်ဖြူမှာ စစ်ကောင်စီက လူသားဒိုင်းသုံးပြီး စစ်ကြောင်းထိုးနေ

မကွေး ဖေဖော်ဝါရီ ၁၇ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်း အသုံးပြုပြီး စစ်ကြောင်း ဝင်ရောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ မဒဲကျေးရွာကို ရည်ရွယ်ပြီး ထိုးတဲ့စစ်ကြောင်းတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုနေတာပါ။ “မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်က ရေပုတ်ကလေးကျေးရွာက အိမ်ထဲမှာပဲ နေတဲ့သူတွေကို စစ်ကြောင်းနဲ့အတူ ခေါ်သွားတာ။…

ကမ္ဘာ့ဒီမိုကရေစီ အန္တရာယ် ရှိနေပြီလို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ သတိပေး

လန်ဒန်၊ ဖေဖော်ဝါရီ ၁၇ ကမ္ဘာမှာ ဦးဆောင်နေတဲ့ အခန်းကဏ္ဍကနေ အမေရိကန် နောက်ပြန် ဆုတ်နေချိန် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အန္တရာယ်ရှိနေပြီလို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဆာ ဂျွန်မေဂျာက သတိပေးလိုက်ပါတယ်။ အမေရိကန် သီးခြားရပ်တည်ဖို့ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မူဝါဒကြောင့် ရုရှားနဲ့ တရုတ်လို နိုင်ငံတွေကို ရဲတင်းလာစေမယ့် အာဏာ လစ်ဟာမှု ဖြစ်ပေါ်နေတယ်လို့ ဝန်ကြီးချုပ်ဟောင်း…

ကျားဖြန့် ရငွေတွေက မြန်မာပြည်တွင်းစစ်ကို လောင်စာ ထည့်ပေးနေတာလို့ သက်ဆင် ပြော

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၇ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်အပြင် ကမ္ဘောဒီးယားနဲ့ လာအိုရှိ ကျားဖြန့်လုပ်ငန်းတွေကနေ တရားမဝင်ရရှိနေတဲ့ ငွေကြေးတွေဟာ မြန်မာပြည်တွင်းစစ်ကို လောင်စာထည့်ပေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပြောကြားလိုက်ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ရရှိနေတဲ့ ငွေတွေဟာ မသန့်ရှင်းတဲ့ ငွေတွေ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။ ဒီလို မသန့်ရှင်းတဲ့ ငွေတွေကို မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့များစွာဟာ တိုက်ခိုက်မှုတွေအတွက် အသုံးချနေတာကြောင့်…

အင်းစိန်ထောင်က လွတ်ရက်စေ့ ရိုဟင်ဂျာလူမျိုး ၉၀၀ ကျော် စစ်တွေမြို့ကို ပို့ဆောင်ခံရ

အင်းစိန်၊ ဖေဖော်ဝါရီ ၁၇ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီးဖြစ်တဲ့ ရိုဟင်ဂျာလူမျိုး ၉၀၀ ကျော်ကို မလွှတ်ပေးဘဲ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ခေါ်ထုတ်သွားပြီး စစ်တွေမြို့ကို ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းအစောပိုင်းမှာ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်တွေ အပါအဝင် အမျိုးသား…

ဘားအံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦး ဒဏ်ရာရ

ဘားအံ၊ ဖေဖော်ဝါရီ ၁၇ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော်ဟဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညသန်းခေါင်ယံချိန်မှာ တိုက်ပွဲမရှိဘဲ ကော်ဟဲကျေးရွာကို လေယာဉ်နဲ့ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကော်ဟဲကျေးရွာက နေအိမ် ကိုးလုံး…