ဘီးလင်း၊ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၇ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာလေယာဉ်နဲ့ တဂေးလောင်းကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး တစ်လုံး လာရောက်ကြဲချသွားတာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/1b80ab1d-a93d-4668-8b8d-e1978fa666c8-1024x683.jpg?resize=640%2C427&ssl=1)
ဗုံးကြဲခံရတာကြောင့် တဂေးလောင်းကျေးရွာက ဘုရားစေတီ၊ သာသနိကအဆောက်အအုံတွေ၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၇ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဓာတ်ပုံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/452de253-979b-47a4-8026-cf959cdb8d6a.jpg?resize=640%2C427&ssl=1)
စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ တဂေးလောင်းကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU