မော်လမြိုင်၊ ဖေဖော်ဝါရီ ၈
နိုင်ငံတစ်ဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၇ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာစစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ ဦးရှိပြီး ကျန် ၄ ဦးမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်အတွင်းရှိ ပိန်းဇလုပ်မြို့အခြေ စိုက် အမှတ် ၂၆၄ ခြေလျင်တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် အလှိုင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးငယ်မစုမွန်ကို ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းလေးနှစ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၆၂၆၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU