နေပြည်တော်၊ ဇန်နဝါရီ ၃၁
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကြေညာပါတယ်။
ဒီအစည်းအဝေးမှာ ယာယီသမ္မတ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပါအဝင် ရွေးကောက်ပွဲကျင်းပဖို့ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ဖို့ တာဝန်ထမ်းဆောင်ခွင့်ကို ခြောက်လ သက်တမ်းတိုးမြှင့်ပေးဖို့ တင်ပြခဲ့တာပါ။
စစ်ခေါင်းဆောင် တင်ပြမှုအရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ ခြောက်လ သက်တမ်းထပ်တိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SAC