မူဆယ်၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာမှာ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် အမျိုး သားတစ်ဦး ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ နမ့်ဟွယ်ကျေးရွာနေ အသက် ၃၀ နှစ်အ ရွယ်ရှိ ဦးဟိန်းဇော်ဌေးဟာ ကြံခင်းသွားရာလမ်းမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲတာကြောင့် ဦးဟိန်းဇော်ဌေးရဲ့ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်ပေါ်နဲ့ လက်နှစ်ဖက်စလုံးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ သီပေါမြို့နယ် မန်ကောင်းကျေးရွာမှာလည်း ဒေသခံအမျိုးသားတစ်ဦး စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း မူဆယ်မြို့နယ် ပန်လုံကျေးရွာမှာ ဦးနောင်ဆိုင်ဟာ ကျေးရွာအနီးရှိ တောစပ်တစ်နေရာမှာ ထင်းခွေသွားရာမှ မြေမြှုပ်မိုင်းနင်းမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.