January 28, 2025

စစ်အာဏာသိမ်း (၁၄၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၁၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၉ AAPP ရဲ့ ဇန်နဝါရီ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၈) ရက်အတွင်း ပြည်သူ (၆၂၁၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၃၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ပွဲထက် ပဋိပက္ခအကျပ်အတည်းတွေမှာသာ လူထုစိတ်ရောက်နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၉ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် ပဋိပက္ခအကျပ်အတည်းတွေမှာသာ စိတ်ရောက်နေကြတယ်လို့ စစ်အုပ်ချုပ်ရေးယန္တရားအတွင်းရှိ ပြည်သူ လူထုတွေက ပြောပါတယ်။ မြေပြင်တိုက်ပွဲတိုင်း ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ပြု လုပ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြောထားတာပါ။…

မဲစာရင်းပြုစုဖို့ မွန်ပြည်နယ် စစ်ကောင်စီ စတင်ပြင်ဆင်

မော်လမြိုင် ၊ ဇန်နဝါရီ ၂၉ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၅ အ ထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းစတင်ပြုဖို့ မွန်ပြည်နယ် စစ်ကောင်စီဘက်က ပြင်ဆင်မှု လုပ်ဆောင်လာပါတယ်။ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ မွန်ပြည်နယ် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၂၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုး…

လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာလေးရွာက ဒေသခံတွေ ထွက်ပြေးနေရ

လောင်းလုံး၊ ဇန်နဝါရီ ၂၉ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကနေတဆင့် လောင်းလုံးမြို့နယ်ထဲကို ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ အင်အား ၂၀၀…

အမေရိကန်စစ်တပ် ပြန်လည်ပုံသွင်းမယ့် အမိန့်တချို့ ထရန့် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုင်ငံ့စစ်တပ်ကို ပြန်လည် ပုံသွင်းဖို့ အဓိကထားတဲ့ အမိန့်တချို့ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်မှာတော့ အမေရိကန်စစ်တပ် အတွင်း DEI လို့ ခေါ်တဲ့ အမျိုးစုံလင်ရေး၊ တန်းတူညီမျှရေးနဲ့ အားလုံး ပါဝင်ရေး အစီအစဉ်တွေကို တားမြစ်ထားတာတွေ့ရ…

ကျားဖြန့်ဂိုဏ်းကြီး ၃၆ ခုကို နှိမ်နှင်းဖို့ ထိုင်းအကူအညီ ရရှိရေး တရုတ်ကြိုးပမ်း

ဘန်ကောက်၊ ဇန်နဝါရီ ၂၈ လူအများကို ပစ်မှတ်ထားကာ ငွေကြေး လိမ်လည်ဖို့ အလုပ်သမား တစ်သိန်းလောက်ကို အလုပ်ခန့်ထားတဲ့ အဓိက တရုတ်ဆက်သွယ်ရေး လူလိမ်ဂိုဏ်း ၃၆ ခုရှိတယ်လို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့ လုံခြုံရေးလက်ထောက်ဝန်ကြီးက ပြောကြားလိုက်ပြီး အဲဒီ ဂိုဏ်းတွေ နှိမ်နှင်းရေး ကူညီပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။ ဇန်နဝါရီ ၂၇ ရက်က…

ကျိုက်ထိုမှာ ဆယ်အိမ်မှူးတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ ၂၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ ဆယ်အိမ်မှူးလည်းဖြစ်တဲ့ စစ်တပ်သတင်း ပေး ဦးဝင်းအောင်ကို ပစ်ခတ်ရှင်းလိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အသက် ၄၀ အရွယ် ဆယ်အိမ်မှူး ဦးဝင်းအောင်ကို တော်လှန်ရေးအင်အားစုအဖွဲ့ တစ်ခုက သူရဲ့ နေအိမ်အနီးမှာပဲ…

AA စစ်ဆင်ရေး ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းအထိ ကျယ်ပြန့်လာ

တောင်ကုတ်၊ ဇန်နဝါရီ ၂၈ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပဲခူး၊မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်စခန်းသုံးခုကို သိမ်းပိုက်ရရှိထားတယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ငါးရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၁၁…

TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ထပ်မံဗုံးကြဲခံရ

ကျောက်မဲ၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ် သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ ကျောက်မဲမြို့ရှိ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာပါ။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုအတွင်း နေအိမ်…