ထားဝယ်၊ ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြ စစ် ဆေးတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာပြီး လူငယ်အမျိုးသားတွေကို ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့ပေါ်ရှိ အိမ်ရှေ့ပြင်၊ ကြက်စာပြင်နဲ့ မြို့သစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တော်တော်များများမှာ ဇန်နဝါရီဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က ညဖက်တွေမှာ ဧည့်စာရင်းဝင်စစ်ကာ လူငယ်အမျိုးသားတွေကို ဖမ်းဆီးနေတာပါ။
ဒေသခံတွေရဲ့ပြောကြားချက်အရ အခုရက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်တွေမှာ အစစ်ဆေး ကြမ်းတမ်းနေသလို ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးသွားတာတွေလည်းရှိပြီး နောက်တစ်နေ့မှာ ပိုက်ဆံနဲ့ ပြန်ရွေးထုတ်ရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ ညပိုင်းမှာလည်း အိမ်ရှေ့ပြင်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုမှာ လာရောက်တည်းခိုနေတဲ့ ဧည့်သည်အမျိုးသား အမျိုးသမီးအယောက် ၅၀ ခန့်ကို စစ်ကောင်စီက ဧည့်စာ ရင်းစစ်ပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသား အမျိုးသမီး ၅၀ ခန့်ဟာ တနင်္သာရီတိုင်းမှတဆင့် ထိုင်းနိုင်းငံကိုတရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်မယ့် လူတွေဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က စစ်သည်အင်အားလိုချက်နဲ့ စစ်မှုထမ်းလူဦးရေ မရရှိတာကြောင့် မြို့ပေါ်မှာ စစ်မှုထမ်းလူငယ်တွေရရှိအောင် ဖမ်းဆီးနေတာဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူ ၃၄၀ ဦးထက်မနည်းရှိပြီး အဲဒီထဲမှ ၁၀၇ ဦးသာ ပြန်လွတ်လာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media