ဘီးလင်း၊ ဇန်နဝါရီ ၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ကင်းထောက်မှုတွေကြောင့် ဒေသခံ၄၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီဟာ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်အနောက်ရွာနဲ့ပျဉ်းမပင်ဆိပ်အနောက်ရွာအကြား ထို့ကော့နော်ဘောနေရာ၊ ထီးညဆားထနေ ရာ၊ သဲဖြူချောင်း (ထီးကျီးခံ)ရွာ ကျော်ပတဲကုန်းတို့ကို လေကြောင်းကနေ ဗုံးကိုးလုံးကြဲချခဲ့ပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ဘီးလင်းနဲ့ဖာပွန်မြို့နယ်တို့ကို Y-12 လေယာဉ်တွေနဲ့ ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ကင်းထောက်မှုကြောင့် ပျဉ်းမပင်၊ ကြသောင်းဆိပ်၊ ကျောက်တောင်လေး၊ ကျွန်းဝဲ၊ မြစ်ကျိူး၊ ဒေါဇံကြီး၊ သဲဖြူချောင်း၊ နို့ဘော်ဘော၊ တဂေးလောင်၊ မင်းစောအပါအ ဝင် ကျေးရွာ ၁၅ ရွာလောက်က ဒေသခံ ၄၀၀၀ ကျော်ဟာ တောတောင်တွေနဲ့ဥယျာဉ်ခြံတွေမှာ နေ ထိုင်နေကြရပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ဘီးလင်းနဲ့ဖာပွန်အစပ် ဒေသတွေကို လေယာဉ်နဲ့ကင်းထောက်တာတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ကရင်နှစ်သစ်ကူးနေ့ပြုလုပ်တဲ့နေ့မှာ လေ ကြောင်းကနေ ကရင်ကျေးရွာတွေကို ဗုံးကြဲခဲ့တာပါ။
ထို့ကော့နော်ဘောနေရာကို ဗုံးကြဲခံရချိန် ကရင်နှစ်သစ်ကူးပွဲတော်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အ သက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်လာတဲ့ခဲစ ရင်ဘတ်ထိမှန်ဒဏ် ရာရရှိခဲ့တယ်။
ကရင်အမျိုးသားတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံး ကြဲမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG