2024

စစ်အာဏာသိမ်း (၁၀၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၅ AAPP ရဲ့ ဇန်နဝါရီ (၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၈) ရက်အတွင်း ပြည်သူ (၄၂၇၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲကျင်းပမယ့်ရက် စစ်ကောင်စီ ကတိမပေးနိုင်

နေပြည်တော် ၊ ဇန်နဝါရီ ၅ စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ရည်မှန်းထားတဲ့ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေး ၂၀၂၄ ခုနှစ်မှာ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါ တယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ပေးပို့တဲ့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့…

စစ်တပ်ဖမ်းဆီးထားတဲ့ သံဖြူဇရပ်ဒေသခံ ၂၀ နီးပါး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

သံဖြူဇရပ်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်ဖမ်းဆီးထားတဲ့သူတွေအနက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခံရသူ ၂၀ နီးပါး ရှိလာတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် PDF တွေနဲ့ ပတ်သက်ဆက်နွယ်ဖူးတဲ့…

မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

သံဖြူဇရပ်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် တစ်ဦးဟာ လက်နက်မဲ့နဲ့ အလင်းဝင်ရောက်လာတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင်ကို ဇန်နဝါရီ ၄ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ် သံဖြူဇရပ်တပ်နယ်က တာဝန်ရှိသူတွေထံ ဂုဏ်ပြုအခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…

ယူကရိန်းနဲ့ရုရှားတို့ စစ်သုံ့ပန်း ရာချီ လဲလှယ်

ကိဗ်၊ ဇန်နဝါရီ ၅ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေအရ ယူကရိန်းနဲ့ရုရှားတို့ဟာ စစ်သုံ့ပန်း ရာနဲ့ချီ လဲလှယ်ခဲ့ကြပြီး ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်တယ်လို့ ကိဗ်မြို့ရှိ အရာရှိတွေက ပြောပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေ အပါအဝင် အကျဉ်းသား ၂၃၀ ကို ရုရှားက ပြန်လွှတ်ပေးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ရရှိခဲ့တဲ့ သဘောတူညီမှုအရ…

အီရန်ဗိုလ်ချုပ် အောက့်မေ့ဖွယ်အခမ်းအနား ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

တီဟီရန်၊ ဇန်နဝါရီ ၅ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလိုင်မန်နီရဲ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်တဲ့ သုဿန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ခါမန်မြို့က ဆိုလိုင်မန်နီသေဆုံးမှု စတုတ္ထမြောက် နှစ်ပတ်လည် အခမ်းအနားအတွင်း လူအုပ်ကြီးထဲမှာ မိနစ်…

တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်ထောင်က အကျဉ်းသားတွေ လွတ်ငြိမ်းခွင့်မရ

လွိုင်ကော် – ဇန်နဝါရီ ၄ ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်ကနေ စစ်ကောင်စီလွှတ်ပေးတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်မြောက်လာတဲ့ အကျဉ်းသားမရှိဘူးလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက နိုင်ငံအနှံ့က အကျဉ်းသား ၉၆၅၂ ဦး ကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကရင်နီပြည်နယ်က အကျဉ်းသားတစ်ဦးမှာ မပါ ဝင်ခဲ့ပါဘူး။ မြေပြင်တော်လှန်ရေး…

မွန်ပြည်နယ်မှာ အကျဉ်းသား ၇၀၀ နီးပါး ပြန်လွှတ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါး

မော်လမြိုင်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၆၇၀ ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်တဝန်းရှိ အကျဉ်းထောင်အ သီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို…

စစ်ခေါင်းဆောင်တွေကြောင့် ပြည်သူတွေ စစ်ကျွန်ဘဝကို ရင်ဆိုင်နေရတယ်လို့ NUG ပြော

မော်လမြိုင် – ဇန်နဝါရီ ၄ တိုင်းပြည်အာဏာကို လိုချင်တပ်မက်စိတ်နဲ့ မတရားရယူပိုင်ဆိုလိုကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်နက်အားကိုး အနိုင့်အထက်ပြုကျင့်မှုတွေကြောင့် ပြည်သူတွေ စစ်ကျွန်ဘဝကို ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ NUG က ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား သဝဏ်လွှာပေးပို့ခဲ့ပါ တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က…

ရေတာရှည် သကြားစက်ဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထားတယ်လို့ စစ်တပ် သတင်းအမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ်ရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက် ပေါ်က သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီနေ့အစီအစဉ်မှာတော့ “ပဲခူးတိုင်း၊ရေတာရှည် သကြားစက်က ဝန်ထမ်းတွေကို KNUနဲ့ PDF တွေက ဖမ်းဆီးထားတယ်” လို့ စစ်တပ်လော်ဘီတွေကြားဖြန့်ဝေနေတဲ့ ဓာတ်ပုံကို စိစစ်ပေးသွား မှာဖြစ်ပါတယ်။ စစ်တပ်ဝါဒဖြန့်နေရာတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊MWD၊ Ye Yint…