2024

နမ့်ဆန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတွေအပါအ ဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

နမ့်ဆန်၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်၊ နမ့်ဆန်မြိုမှာ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာမ အပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၆ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၇ ရက်နေ့ ည‌‌ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ…

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပွဲလန့်တုန်းဖျာခင်းနေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲ

နေပြည်တော် – ဇန်နဝါရီ ၈ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပွဲလန့်တုန်းဖျာခင်းပြီး အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီမှတ်ပုံတင်ချပေး ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ နေပြည်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။ “ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်…

အမြဲတမ်းဗဟိုကော်မတီစနစ် ကျင့်သုံးဖို့ မွန်ပြည်သစ်ပါတီ အတည်ပြု

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၈ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တချို့ရဲ့ အသက်အရွက်ကြီးရင့်လာမှုနဲ့ ကျန်းမာရေးချို့တဲ့မှုကြောင့် ပါတီတာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ခြင်းမရှိပေမယ့် ပါတီအင်အားဖြစ်ဖို့နဲ့ ပါတီကို အကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြီး အမြဲတမ်းဗဟိုကော်မတီစနစ်ကို ကျင့်သုံးသွားမယ်လို့ မွန်ပါတီညီလာခံကနေ အတည်ပြုပါတယ်။ ရေးချောင်းဖျားမှာ ကျင်းပနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ အတည်ပြုခဲ့တာဖြစ်ပြီး အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်ဖို့ သတ်မှတ်အရည်အချင်းတွေကိုလည်း မွန်ပြည်သစ် သတင်းစဉ်က ဇန်နဝါရီ…

လောက်ကိုင် (ဒကစ) ဌာနချုပ်အညံ့ခံမှု စစ်တပ်ပြိုမယ့် ကနဦးလမ်းစလား

လောက်ကိုင်၊ ဇန်နဝါရီ ၇ သမိုင်းအဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ဌာနချုပ်တစ်ခုလုံးအထိ ဘယ်တုန်းကမှ လက်နက်ချအညံ့မခံခဲ့ဖူးတဲ့ မြန်မာ့စစ်တပ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ တော့ လက်နက်ချခဲ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရယူခဲ့ပြီး ၁၃ နှစ်အကြာမှာတော့ မြန်မာ့စစ်တပ်ဟာ ပြိုဆင်းတော့မယ့် အရိပ်အယောင်နဲ့ ဆုတ်ကပ်ဆိုက်လာနေတာပါ။ ဇန်နဝါရီ…

နိုင်ငံရေးပုဒ်မတွေအစား နှစ်ရှည်ထောင်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မတွေကိုသာ စစ်ကောင်စီပိုမိုအသုံးပြုလာ

မော်လမြိုင်၊ ဇန်နဝါရီ ၇ အာဏာသိမ်းစစ်ကောင်စီဟာ ဖမ်းဆီးခံရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေကို အခုနောက်ပိုင်း နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူတာထက် နှစ်ရှည်ထောင်ကျခံရနိုင်တဲ့ အကြမ်းဖက်ပုဒ်မ တွေကိုသာ အသုံးပြုလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါ တယ်။ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တင်အင်အားပြုန်းတီးမှုအပြင် အဖက်ဖက်က ယိုယွင်းပျက်စီးလာမှုနဲ့အတူ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလ အတွင်း နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့…

ရွှေကျင်မှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သား ၄ ဦးသေဆုံး ၁၆ ဦးဒဏ်ရာရ

ရွှေကျင်၊ ဇန်နဝါရီ ၇ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) အုပ်ချုပ်နယ်မြေ ရွှေကျင်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ညောင်လေးပင်အခြေစိုက်တပ်…

ဘီးလင်းမှာ တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဇန်နဝါရီ ၇ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာထဲမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းအတွက် ကင်းပုန်းဝပ်ဖို့လာတဲ့ တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက…

ဟားမတ်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးအချက်အလက်ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်းချီးမြှင့်မယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ဟားမတ်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးကွန်ရက်ကို အနှောင့်အယှက်ပေးနိုင်လောက်တဲ့ သတင်းအချက် အလက်ပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုငွေချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာလိုက်ပါတယ်။ သူတို့အဖွဲ့အတွက် ဘဏ္ဍာရေးလွယ်ကူအောင်လုပ်ပေးနေသူ ငါးဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိရေး ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားမျှတမှုအတွက် ဆုတော်ငွေ စီမံကိန်းအရ အခုလိုဆုကြေးထုတ်လိုက်တာပါ။ တူရကီအခြေစိုက် ဟားမတ်စအဖွဲ့ရဲ့ကွန်ရက်မှာပါဝင်လှုပ်ရှားနေသူတွေဖြစ်တဲ့ အမာခါမဲလ်ရှာ ရစ်ဖ် အယ်လ်ရှာဝါ၊အာမက်…

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှု မြင့်တက်လာ

ဆိုးလ်၊ ဇန်နဝါရီ ၇ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းအလွန် တောင်ကိုရီးယားရဲ့ ယွန်ဖျောင်ကျွန်းကို ဇန်နဝါရီလ ၅ ရက်နေ့က လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ အဲဒီကျွန်းပေါ်မှာနေထိုင်တဲ့ အရပ်သားတွေအနေနဲ့ အကာအကွယ်ယူထားဖို့ တောင်ကိုရီးယားက ညွှန်ကြားထားပြီး လက်တွေ့ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ယွန်ဖျောင်ကျွန်းမှာ စစ်ဘက်အခြေစိုက်စခန်းတစ်ခုရှိပြီး လူ…

စစ်ကောင်စီ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အဖမ်းမခံရဘူးလို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။ နောင်ချို သံဘိုရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို PDF တွေဖမ်းမိတာမရှိသေးဘူးလို့ စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို…