2024

သံဖြူဇရပ်က ရဲစခန်းနှစ်ခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရ၊စစ်တပ် လေကြောင်းအသုံးပြုတိုက်ခိုက်နေ

သံဖြူဇရပ်၊ ဇန်နဝါရီ ၃၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနဲ့ ထင်းရှုးကျေးရွာရှိ ရဲစခန်းနှစ်ခုကို ဒီကနေ့ မနက်အစောပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ အဲဒီရဲစခန်းနှစ်ခုကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်ကစပြီး သံဖြူဇရပ်မြို့နယ် ပကဖနဲ့ တောင်ညိုပြည်သူ့ပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေ…

ရခိုင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို AA အပြီးသတ်သိမ်းပိုက်

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားကနေ ရခိုင်ပြည်နယ် ကျောက်တောနဲ့မင်းပြားမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ်…

စစ်အာဏာသိမ်း (၁၀၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၆၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ AAPP ရဲ့ ဇန်နဝါရီ (၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၉၄) ရက်အတွင်း ပြည်သူ (၄၄၆၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရခိုင်မှာ အပစ်ခတ်ရပ်စဲဖို့ တရုတ်ကြိုးပမ်းမှု အလုပ်ဖြစ်နိုင်လား

စစ်တွေ၊ ဇန်နဝါရီ ၃၁ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အပစ် ခတ်ရပ်စဲရေးဖြစ်လာဖို့ တရုတ်နိုင်ငံကကြားဝင်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen နဲ့…

ပုလောမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းအသုံးပြု တိုက်ခိုက်နေ

ပုလော၊ ဇန်နဝါရီ ၃၁ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာမှာ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက စလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မီးလောင်ချောင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မီးလောင်ချောင်းစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက…

အာဏာသိမ်းမှုအတွင်း ပစ်ချခံရတဲ့ စစ်လေယာဉ် ၆ စီးထက်မနည်းရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်လေ ယာဉ် ၆ စီးထက်မနည်း ပျက်စီးထားပြီး ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထားတယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှာ စစ်ကောင်စီတပ်ရဲ့ ရ ဟတ်ယာဉ် ၂ စီးကို…

မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာမှုကြောင့် တောင်သူတွေအခက်ကြုံ

မော်လမြိုင် ၊ ဇန်နဝါရီ ၃၁ မွန်ပြည်နယ်တဝန်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆောင်းသီးနှံနဲ့ နေလှန်းဆားကွင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး အထွက်နှုန်းကျဆင်းသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကစလို့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတဲ့အတွက် မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေတာပါ။…

ရုရှားရွေးကောက်ပွဲဝင်ဖို့ ပူတင် မှတ်ပုံပြန်တင်

မော်စကို၊ ဇန်နဝါရီ ၃၁ ရုရှားအစိုးရက မတ်လအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဗလာဒီမာပူတင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ တရားဝင်အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပူတင်ဟာ ရုရှားကို အတိုက်အခံမရှိဦးဆောင်နေတဲ့သူဖြစ်ပြီး သမ္မတရွေးကောက်ပွဲ ၄ ကြိမ်အနိုင်ရရှိထားသလို ဝန်ကြီးချုပ်အဖြစ်လည်း ခေတ္တတာဝန်ထမ်း ဆောင်ဖူးသူဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်တိုင်အမည်စာရင်းတင်သွင်းခဲ့တဲ့ ပူတင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သလို လက်ယာ…

မြန်မာ့နိုင်ငံရေး ပြဿနာကို ကိုယ်တိုင်ဖြေရှင်းကြဖို့ အာဆီယံ တိုက်တွန်း

လူအန်ပရာဘန် ၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေကို ကိုယ်တိုင် ဦးဆောင်ဖြေရှင်းဖို့ ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကနေ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးအပြီး ထွက်ပေါ်လာတဲ့ ကြေညာချက်မှာ ဝန်ကြီးတွေအနေနဲ့ အလှည့်ကျဥက္ကဋ္ဌ လာအိုခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ ဆက်သွယ်ရေးနဲ့ မြန်မာပြည်သူတွေကို…

လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ အရပ်သားပြည်သူထိခိုက်မှုတွေရှိနေ

လောင်းလုံး၊ ဇန်နဝါရီ ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်ဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရဲစခန်း၊ စရဖရုံးနဲ့ ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်…