2024

မော်လမြိုင်မှာ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၃ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ထပ် မံဖြစ်ပေါ် နေပြီး ဆီရရှိရေးအတွက် လိုက်လံစုံစမ်းဝယ်ယူနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမြင့်ဈေးမှာပဲရှိနေတဲ့ စက်သုံးဆီတွေဟာ အခုနှစ်အစပိုင်းမှာပဲ ပြတ်လပ်မှုတွေ ပြန်လည်ဖြစ်ပေါ် လာသလို စက်သုံးဆီအရောင်းဆိုင်အများစုမှာလည်း ရက်ခြားဆိုသလို ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိ မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ…

စစ်အာဏာသိမ်း (၁၀၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃ AAPP ရဲ့ ဇန်နဝါရီ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၆) ရက်အတွင်း ပြည်သူ (၄၂၇၅) ဦးအထိ အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဘီးလင်း ဝင်းတာပန် စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ဘီးလင်း၊ ဇန်နဝါရီ ၃ အချိန်နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ် ကောင်စီ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးအင် အားစုပူးပေါင်းအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ်အင်အား ၆၀ ကျော် တပ်စွဲနေထိုင်တဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင်…

လက်လွှတ်ထားရတဲ့ မြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီပြန်မယူနိုင်သေး

မော်လမြိုင်၊ ဇန်နဝါရီ ၃ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နိုင်ငံအနှံ့ကမြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီက လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ကြုံးဝါးထားပေမယ့် ဒီကနေ့အထိ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်ထိ စစ်ကောင်စီဟာ နိုင်ငံအနှံ့ရှိ တပ်စခန်းပေါင်း ၄၅၀ ထက်မနည်း လက်လွှတ်ဆုံးရှုံးထားရသလို မြို့ပေါင်း ၂၀ ထက်မနည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံထားရတာပါ။ ဗိုလ်ချုပ်မှူးကြီး…

ကျိုက်မရောမှာ CID ဒုရဲမှူးပါ ၂ ဦး ပူးပေါင်းအဖွဲ့ ဖမ်းဆီး

ကျိုက်မရော၊ ဇန်နဝါရီ ၃ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနော့ကျေးရွာအနီးမှာ လိုင်စင်မဲ့ကားသွားသယ်တဲ့ CID ဒုရဲမှူးပါ ၂ ဦးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူထံကနေ စုံစမ်းသိရှိရပါတယ်။ အင်းစိန်မှုခင်းရဲတပ်ဖွဲ့ CID ဒုရဲမှူး ငြိမ်းချမ်းနဲ့ မုဒုံမြို့ရှိ ကားဝပ်ရှော့ဆရာတို့ ၂ ဦးကို ပြီးခဲ့တဲ့ ဒီဇင် ဘာ ၃၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးစဉ်…

ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် လူဦးရေ တစ်သိန်း ရွှေ့ပြောင်း၊ သေဆုံးသူ ၁၃ ဦး တွေ့ရှိထား

တိုကျို ၊ ဇန်နဝါရီ ၃ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတစ်သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သေဆုံးသူ ၁၃ ဦး တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို လူနေအိမ် သောင်းနဲ့ချီပြီး…

ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ထောင်ချခံရ

ဒါကာ၊ ဇန်နဝါရီ ၃ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ နိုင်ငံရေးပြိုင်ဘက်အဖြတ် သတ်မှတ်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယွန်နာ့စ်ကို အလုပ်သမား ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ စေ့ဆော်မှုတွေပါဝင်နိုင်တယ်လို့ ယွန်နာ့စ်ရဲ့ ထောက်ခံသူတွေက ဆိုထားပါတယ်။ အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယွန်နာ့စ်ဟာ…

TNLA က ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ တပ်လော်ဘီတွေ ဝါဒဖြန့်

မင်္ဂလာပါရှင် သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုက ကလေးသူငယ်တွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ရန်ကြီးအောင်(အောင်စစ်သည်)၊နန်းငယ် တယ်လီဂရမ်ချန်နယ်၊ဟန်ငြိမ်းဦးနဲ့ MWD…

နည်းပြချုပ် ဝိန်းရွန်းနီ ရာထူးက ထုတ်ပယ်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၂ အင်္ဂလန်ချန်ပီယံရှစ်ကလပ်အသင်း ဘာမင်ဂမ်စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြချုပ် ဝိန်းရွန်းနီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် မန်ယူအသင်းနဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို ဘာမင်ဂမ်အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ နည်းပြချုပ်အဖြစ် ခန့်အပ်ပြီး နှစ်လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ဝိန်းရွန်းနီဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဘာမင်ဂမ်အသင်းကို…

ဂန့်ဂေါရဲစခန်းအချုပ်မှာ ဖမ်းခံထားရသူတွေကို ရဲတွေက အရက်မူးတိုင်ရိုက်နှက်နေ

ဂန့်ဂေါ – ဇန်နဝါရီ ၂ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်ရဲစခန်းအချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူတွေကို စခန်းမှူးဆိုသူ အရက်မူးလာချိန်တိုင်း ရိုက်နှက်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအချုပ်ခန်းမှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကိုဖမ်းဆီးထားပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး လှဝင်းဇော်က အရက်မူးလာချိန်တိုင်း အချုပ်ခန်းထဲကသူတွေကို အပြင်ထုတ်ပြီးရိုက်နှက်နေ တာပါ။ “စုစုပေါင်း အချုပ်သား ရှစ်ဆယ်ကျော်မှာ ခြောက်ဆယ်လောက်က နိုင်ကျဉ်းတွေဖြစ်ပါတယ်။ မူးလာတဲ့အချိန်မထင်ရင်မထင်သလို…