2024

စစ်အာဏာသိမ်း (၁၀၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၄ AAPP ရဲ့ ဇန်နဝါရီ (၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၇) ရက်အတွင်း ပြည်သူ (၄၂၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လမ်းကြေးအဆမတန် ကောက်ခံမှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထိုးတက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၄ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းကြေးတွေ အဆမတန် ကောက်ခံနေတာ ကြောင့် ဒေသတွင်းမှာ အသုံးပြုနေတဲ့ ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီးတည်ရှိရာ ကော့က ရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန် နေတဲ့အတွက် လမ်းအသုံးပြုခွင့်…

သိမ်းပိုက်ခံထားရတဲ့ မြို့ရွာတွေကို လက်နက်ဆန်းတွေနဲ့ ဗုံးကြဲမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မော်လမြိုင် ၊ ဇန်နဝါရီ ၄ တစ်နိုင်ငံလုံးအနှံ့ ထိုးစစ်ကြောင့် အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ရွာတွေကို လက်နက်ဆန်းတွေသုံးပြီး လေ ကြောင်းနဲ့ ဗုံးကြဲမယ်လို့ ခြိမ်းခြောက်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွင်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ…

စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ၂ ခုကို KNLA သိမ်းပိုက်

ဖာပွန်၊ ဇန်နဝါရီ ၄ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်အတွက် အရေးပါတဲ့တပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုဟာ…

ကျိုက်မရော ဒေသခံလူငယ်နှစ်ဦးကို စစ်တပ်ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ်သိန်း ၃၀နဲ့ပြန်ရွေးခိုင်း

ကျိုက်မရော၊ ဇန်နဝါရီ ၄ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာဒေသခံ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ပြီးနောက် ငွေကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒေသခံလူငယ်တွေဖြစ်တဲ့ ကိုအေးထွန်းနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ တောင်ကလေးကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဆိုင်ကယ်နဲ့…

ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် သုတ်သင်ခံရ

ဘေရွတ်၊ ဇန်နဝါရီ ၄ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် ဆာလေးအယ်လ် အလိုရီကို အစ္စရေးဘက်က ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် အလိုရီဟာ အစ္စရေး – ဟားမတ်စ် စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးလုပ်ကြံသတ်ဖြတ်ခံရတဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။ သူ့ကိုလုပ်ကြံသတ်ဖြတ်လိုက်တာကြောင့်…

ဂျပန်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ

တိုကျို၊ ဇန်နဝါရီ ၄ ဂျပန်နိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၆၃ ဦးအထိရှိလာပြီး မြေပြိုမှုနဲ့ မိုးသည်းထန်မှု အန္တရာယ်တွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က အီရှီကာဝါဒေသမှာ ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်မီတာကျော်မြင့်တဲ့ ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့သလို မီးလောင်ကျွမ်းမှုကြောင့်…

ချင်းလက်ဝစခန်းကုန်းကို AA အပြီးသတ်သိမ်းပိုက်

ပလက်ဝ၊ ဇန်နဝါရီ ၃ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ ချင်းလက်ဝစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ချင်းလက်ဝစခန်းကုန်းအား ဇန်နဝါရီ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့…

လွိုင်ကော်ဒေသခံတွေရဲ့ ပစ္စည်းတွေကို စစ်တပ်ဖောက်ထွင်းခိုးယူပြီး ရောင်းစားနေ

လွိုင်ကော် – ဇန်နဝါရီ ၃ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေဟာ ဖောက်ထွင်းခိုးယူပြီး ရောင်းစားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်ဒေသခံ ၄သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေတာကြောင့် စျေးဆိုင်တွေ၊ ဖုန်း အရောင်းဆိုင်တွေအပါအဝင် တန်ဖိုးကြီးပစ္စည်းတွေရှိနိုင်မယ်နေရာတွေကို ဖောက်ထွင်းခိုးယူနေ ကြတာပါ။ လက်ရှိမှာတော့ မြို့ပေါ်က ဆိုင်ခန်းတွေနဲ့နေအိမ်တွေဟာ နေ့စဉ်လိုလို ဖောက်ထွင်းခံရတာတွေရှိ နေသလို…

ရေးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သွားသူကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ငွေထောက်ပံ့

ရေး – ဇန်နဝါရီ ၃ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကြောင့် အမျိုးသမီးတစ်ဦးထိခိုက်သွားတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကျန်းမာရေးဌာနက အလှူငွေ ၃ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ခြံထဲမှာ နေလှန်းထားတဲ့ ရာဘာတွေသိမ်းနေစဉ်…