2024

တောင်ကုတ်မြို့ ဗုံးကြဲမှု AA စစ်သင်တန်းပေးတဲ့နေရာလို့ စစ်တပ်လော်ဘီတွေဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကောင်စီက တောင်ကုတ်မြို့ရှိ အရပ်သားတွေနေတဲ့နေရာကို ဗုံးကြဲချပြီး AA စစ်သင်တန်းပေးတဲ့ နေရာဖြစ်တယ်”ဆိုကာ ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီလက်အောက်ခံ…

ချင်းတွင်းမြစ်မှာ စစ်ရေယာဉ်တွေ တိုက်ခိုက်ခံရမှု စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ချင်းတွင်းမြစ်ရှိ စစ်ရေယာဉ်တွေအား ပစ်ခတ်တိုက်ခိုက်နေတဲ့ PDF တွေကို ဒေသ ခံတွေက ရှင်းလင်းပေးဖို့ ပြောဆိုနေတယ်”ဆိုပြီး စစ်ကောင်စီက ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မြန်မာ့အရေး အမြန်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက် အောက်တိုဘာ ၈ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေး အာဆီယံအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထိုင်းဝန်ကြီး ပေသွန်ထန် ရှင်နာဝပ်ထရာက ဒီတစ်ပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေကနေ လက်နက်ကိုင် ပုန်ကန်မှုတွေဖြစ်စေခဲ့တဲ့ ၂၀၂၁…

စစ်အာဏာသိမ်း (၁၃၄၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၈ AAPP ရဲ့ အောက်တိုဘာ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၅) ရက်အတွင်း ပြည်သူ (၅၇၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီရဲ့ မော်လမြိုင်လေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်း သုံးနှစ်နီးပါး ရှိလာပေမယ့် လုပ်ငန်းမစနိုင်

မော်လမြိုင် ၊ အောက်တိုဘာ ၈ အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ဆိပ် ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းဟာ သုံးနှစ်နီးပါး ရှိလာပေမယ့် လက်ရှိအချိန်ထိ လုပ်ငန်းမစနိုင် သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်…

တနင်္သာရီက ကျေးရွာနှစ်ရွာ လေယာဉ်နဲ့ဗုံးကြဲခံရ

တနင်္သာရီ၊ အောက်တိုဘာ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အင်းရှည်ကုန်းနဲ့ သိန္ဓောကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်ကနေ လေယာဉ်နဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်ပူးပေါင်စစ်ကြောင်း ၂ ထံကနေ သိရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ မြိတ်လေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ အင်းရှည်ကုန်းရွာဘက်ကို ဗုံး…

ဖာပွန်မှာကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံး ပိတ်ဆို့ခံထားရ

ဖာပွန်၊ အောက်တိုဘာ ၈ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA ဦးဆောင်တဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်ဟာ လေကြောင်းကိုသာ အားထားနေရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ၊ တပ်ရင်းဌာနချုပ်နဲ့ ခေါပုတ်၊…

သန်းခေါင်စာရင်း ကောက်ယူသူကိုးဦးကို လောင်းလုံး PDF ဖမ်းဆီး

လောင်းလုံး၊ အောက်တိုဘာ ၈ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုရဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ် ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာမရှစ်ဦးနဲ့ ရုံးစာရေးမတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ လောင်းလုံးမြို့မှ ထားဝယ်မြို့ကို သန်းခေါင်စာရင်းကောက်ဖို့ သွားတဲ့ ဆရာမတစ်ဦးကို အောက်တို ဘာ ၆ ရက်နေ့ မနက်ပိုင်းက လောင်းလုံး-ထားဝယ်လမ်းပိုင်းမှာ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနေ့…

ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦး သေဆုံး

မကွေး အောက်တိုဘာ ၇ မကွေးတိုင်း ဂန့်ဂေါခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောမြို့နယ်တွေကို အကြောင်းမဲ့ လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ “ဘာမှမရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘူး။ စုဝေးနေတာလည်းမရှိဘဲနဲ့ကို အကြောင်းမဲ့ ရွာသားတွေကို…

တရုတ်နဲ့ မြောက်ကိုရီးယား ဆက်လက်ပူးပေါင်းဖို့ ကတိပြု

ဆိုးလ်၊ အောက်တိုဘာ ၇ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့်နေ့မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၆ ရက်မှာ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ဖွံ့ဖြိုးဖို့ အလွန်အရေးကြီးကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယား…