December 2024

အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၀ ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၃ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး၊ နိုင်ငံရေးအကျဉ်းသူ နှစ်ဦး၊ စုစုပေါင်း ၂၀…

သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် ဘိုင်ဒန်က သားဖြစ်သူကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၂ မကြာမီ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရာဇဝတ်မှု နှစ်ခုအတွက် ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို တရားဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။ သားဖြစ်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောထားခဲ့ဖူးပေမယ့် အခုတစ်ခါ ကြေညာချက်မှာ ဟန်တာဟာ ရွေးထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုတွေဟာ…

ငါးဖမ်းလှေတွေကို မြန်မာရေတပ် ပစ်ခတ်ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်

ဘန်ကောက်၊ ဒီဇင်ဘာ ၂ ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် လှေတစ်စီးပေါ်က ငါးဖမ်းသမား တစ်ဦး ရေနစ်သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးနောက် အဲဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်က မြန်မာရေပိုင်နက်ထဲဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ရေတပ်ရဲ့ပစ်ခတ်မှုနဲ့…

ဆီဆိုင်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ဆီဆိုင်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ငယ်နဲ့ ဝိုင်းဝန်းပစ်ခတ်တာကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှာ ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ထီးစဲခါးရေတံခွန်ကျောင်းမှ…

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ပြုပြင်ပြောင်းလဲရေး အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ K2C ပြော

နေပြည်တော် ၊ ဒီဇင်ဘာ ၂ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရှေ့နေရဲ့ လျှောက်ထားချက်ဟာ မြန်မာ့နိုင်ငံရဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့ K2C တို့ ထုတ်ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ICC ရှေ့နေချုပ် Karim AA Khan…

ပွင့်ဖြူမှာ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦး သေဆုံး

မကွေး ဒီဇင်ဘာ ၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦးအပါအဝင် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက မဲဇလီ-ဆည်တော်တံတား ဆည်တော်ဘက်ခြမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။…