December 2024

AA ရဲ့ ကြေညာချက် ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲ

မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁ နိုင်ငံရေးအရ ဖြေရှင်းဖို့ အသင့်ရှိကြောင်းနဲ့ ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အကျိုးတူပူးပေါင်းဖို့ လိုလာကြောင်း ထုတ်ပြန်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ကြေညာချက်ဟာ လက်တွေ့ကျတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထိုးစစ်ဟာ လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်အပါအဝင် စစ်တပ်စခန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်ပေါင်း ၁၄…

မွန်ပြည်နယ်မှာ လူငယ်တွေ ညအချိန် ဆက်တိုက်ဖမ်းဆီးခံနေရ

မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁ မွန်ပြည်နယ်မှာ အခုလအတွင်း စစ်ကောင်စီက ညပိုင်းအချိန် လူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးမှုမှာ ဒေသန္တရအမိန့် ဖောက်ဖျက်မှု ကျူးလွန်သူတွေ၊ ညပိုင်းအပြင်ထွက်သွားလာသူတွေအပြင် ဧည့်စာရင်းအကြောင်းပြချက်နဲ့ နေအိမ်တွေ ဝင်ရောက်ဖမ်းဆီးမှုတွေအထိ ရှိလာခဲ့တာပါ။ သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ အခုလို ဖမ်းဆီးမှုတွေဟာ မွန်ပြည်နယ်ရဲ့ မြို့နယ်…

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးသားစွာဖြေရှင်းဖို့ KNU ဥက္ကဋ္ဌ ပြော

ဘားအံ၊ ဒီဇင်ဘာ ၃၁ လူမျိုးကြီးဝါဒီ အာဏာရှင်တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးသားစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက စစ်မှန်တဲ့ ပြည်တွင်ငြိမ်းချမ်းရေး ဖြစ်လာမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျရောက်တဲ့ ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မိန်းခွန့်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပဲထည့်သွင်းပြောကြားခဲ့တာပါ။…

ခရီးသည်လေယာဉ် ပစ်ချမှု ဝန်ခံဖို့ ရုရှားကို အဇာဘိုင်ဂျန် သမ္မတ ပြော

ဘာကူ၊ ဒီဇင်ဘာ ၃၀ လူအများအပြား သေဆုံးခဲ့ရတဲ့ အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်း အမှန်ကို ကနဦးမှာ ရုရှားက ဖုံးကွယ်ထားဖို့ ကြိုးပမ်းခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယေ့ဗ်က စွပ်စွဲလိုက်ပြီး မော်စကိုအနေနဲ့ သူတို့ ပစ်ချလိုက်တာ ဖြစ်တယ်ဆိုတာကို ဝန်ခံဖို့ ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ AZAL Embraer…

နိုဘယ်ငြိမ်းချမ်းဆုရှင် အမေရိကန်သမ္မတဟောင်း အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်

ပလိန်းစ်၊ ဒီဇင်ဘာ ၃၀ ၃၉ ယောက်မြောက် အမေရိကန်သမ္မတ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း ကာတာ စင်တာက ဒီဇင်ဘာ ၂၉ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ သမ္မတရာထူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာတာဟာ သူ့ရဲ့…

ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော် သေဆုံးတယ်လို့ AA ပြော

ဂွ၊ ဒီဇင်ဘာ ၃၀ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံးမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူး၊တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဂွမြို့ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်ကျော်ကြာ ဒီဇင်ဘာ…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး သုံးဦး သေဆုံး

ကျိုက်ထို၊ ဒီဇင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် သုံးဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ အင်အား ခြောက်ဦးရှိတဲ့ တာဝါတိုင်စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စကားများ ရန်ဖြစ်ရာကနေ အချင်းချင်း…

တောင်ကိုရီးယားမှာ Jeju Air လေယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံး ၂၈ ဦးသေဆုံး

ဆိုးလ် ဒီဇင်ဘာ ၂၉ တောင်ကိုရီးယားနိုင်ငံရှိ မူအန်းနိုင်ငံတကာလေဆိပ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က လေယာဉ်တစ်စီးဟာ ပြေးလမ်းပေါ်မှာ ပေါက်ကွဲပြီး နံရံနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်း အနည်းဆုံး လူ ၄၇ ဦးသေဆုံးထားကြောင်း ယွန်ဟက်သတင်းဌာနက ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကနေ ခရီးသည် ၁၇၅ ဦးနဲ့ ယာဉ်အမှုထမ်း ၆ ဦးကို တင်ဆောင်လာတဲ့ Jeju Air…

မြိုင်ဆိုင်လာတဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ လာမယ့်နှစ်မွန်ပြည်နယ်ရဲ့ စစ်‌ရေးမျှော်မှန်းချက်

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၉ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကို ရောက်ရှိလာခြင်းနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ပြိုကျဆုတ်ယုတ်မှုကလည်း ပိုမိုဆိုးရွားလာတဲ့အခြေအနေမှာ လာမယ့်နှစ် မွန်ပြည်နယ်အတွင်း စစ်ရေးအပြောင်းအလဲတွေ မြင်တွေ့နိုင်ဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။ တိုင်းရင်းသားဒေသတွေအတွင်း မြို့သိမ်းတိုက်ပွဲတွေ မြိုင်ဆိုင်နေချိန်မှာ စစ်ကောင်စီ နယ်မြေစိုးမိုးမှုအားကောင်းတဲ့ မွန်ပြည်နယ်မှာတော့ လာမယ့်နှစ် တိုက်ပွဲအရှိန်မြှင့်သွားမယ်လို့ ဒေသတွင်းတော် လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊…

သွင်းကုန်၊ ပို့ကုန်အပေါ် အခွန်ပြောင်းလဲကောက်ခံမှုကြောင့် ကုန်ဈေးနှုန်းထပ်တက်လာနိုင်

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၉ စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာနက သွင်းကုန်၊ ပို့ကုန်တွေအပေါ် အခွန်ပြောင်းလဲကောက်ခံမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ သွင်းကုန်၊ ပို့ကုန်တွေအပေါ် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်းအစား ဈေးကွက်ရည်ညွှန်းဈေး နှုန်းနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာလာပါတယ်။ အကောက်ခွန်ဦးစီးဌာနရဲ့…