မြဝတီမြို့ ရွှေကုက္ကိုလ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူနှစ်ဦးအထိရှိ
မြဝတီ ဒီဇင်ဘာ ၂၆ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားကူးစက်မှု ဖြစ်ပွားရာကနေ လူနှစ်ဦးအထိ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသအာဏာပိုင်တွေက မြို့ထဲမှာရောင်းချနေတဲ့ လမ်းဘေးဈေးဆိုင်တွေနဲ့ ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနားရှိ စက်လှေဂိတ်တွေကိုဆက်လက်ပိတ်ခိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့ထဲမှာ ဒီဇင်ဘာလ တတိယအပတ်လောက်နေကစပြီး ဝမ်း ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားကူးစက်မှုတွေရှိခဲ့တာကြောင့် လူဦးရေ ၂၀၀ ခန့်ဟာ…