November 2024

ရခိုင်မှာ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၂၀ ဦးသေဆုံး

တောင်ကုတ်၊ နိုဝင်ဘာ ၂၇ ရခိုင်ပြည်နယ်မှာ အခုလ သုံးပတ်ကျော်ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားပြည်သူ ၂၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်ပြည်နယ်မှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၁၁…

နောင်ချိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ

နောင်ချို၊ နိုဝင်ဘာ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။…

ပဲခူးတိုင်းကမြို့နယ်တွေထဲ ဗုံးကြဲမှု PDF တွေလုပ်တာလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ပဲခူးတိုင်းရှိ မြို့နယ်တွေထဲ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီက PDF တွေ လုပ်တာ”ဆိုပြီး သတင်းအမှားဖြန့်ချီနေတဲ့အကြောင်း စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့…

ကပစ ၂၂ က စစ်ယာဉ်တန်း မိုင်းဆွဲခံရတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မြင်းခြံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရတာ မရှိဘူး”လို့ စစ်တပ်သတင်းမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ် ပုံတွေနဲ့တကွ…

စစ်အာဏာသိမ်း (၁၃၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၇ AAPP ရဲ့ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၅) ရက်အတွင်း ပြည်သူ (၅၉၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၁၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တရုတ်ဖိအားကြောင့် ညီနောင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးဆီ ဦးတည်နေပြီလား

လားရှိုး ၊ နိုဝင်ဘာ ၂၇ စစ်အုပ်စုကို အ‌ရေးနိမ့်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘော ထားကိုယ်စီ ထုတ်ပြန်လာကြပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA နဲ့ TNLA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ စစ်‌ကောင်စီရဲ့…

ထားဝယ်မြစ်အတွင်း စက်လှေသွားလာခွင့် စစ်ကောင်စီပိတ်ပင်

ထားဝယ်၊ နိုဝင်ဘာ ၂၇ တနင်္သာရီတိုင်း ထားဝယ်နဲ့လောင်းလုံးမြို့နယ်အကြားရှိ ထားဝယ်မြစ်အတွင်း ငါးဖမ်းလှေတွေအ ပါအဝင် စက်လှေအားလုံး ဖြတ်သန်းသွားခွင့်ကို စစ်ကောင်စီဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ထားဝယ်မြစ်အတွင်း သွားလာနေတဲ့ ငါးဖမ်းလှေ၊ ကျောက်သဲစက်လှေတွေနဲ့ ခရီးသည်တင် စက်လှေတွေကို မြစ်အတွင်း သွားလာခြင်းမပြုဖို့နဲ့ မလိုက်နာပါက ပစ်ခတ်ဖမ်းဆီးသွားမယ်လို့…

မထောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ထွက်ပြေး

ဖာပွန်၊ နိုဝင်ဘာ ၂၇ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အခြေစိုက်တဲ့ မထောတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးပြီး တောင်သုံးလုံးတပ်စခန်းဆီ ထွက်ပြေးဝင်ရောက်သွားတယ်လို့ KNU တပ်မဟာ ၅ ထံကနေ သိရပါတယ်။ မထောတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၅ နဲ့…

အစ္စရေး ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်ဖို့ အီရန် ထိပ်တန်းခေါင်းဆောင် တောင်းဆို

ဒူဘိုင်း၊ နိုဝင်ဘာ ၂၆ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမာ့စ်နဲ့ ဟစ်ဇဘိုလာအဖွဲ့ဆီ ကူညီမှုတွေပေးနေတဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်း မထုတ်သင့်ဘဲ သေဒဏ်ချမှတ်သင့်တယ်လို့ နိုဝင်ဘာ ၂၅ ရက်က ပြောကြားလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမာ့စ် ခေါင်းဆောင် အေဗရာဟင်…

တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါအပေါ် အခွန်တိုးကောက်မယ်လို့ ထရန့် ကြွေးကြော်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုနဲ့ မူးယစ်ဆေး မှောင်ခို တင်သွင်းမှုတွေကို တားဆီးပေးဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒေါ်နယ်ထရန့်က သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံးနေ့မှာပဲ တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါတို့အပေါ် အခွန်အသစ်တွေ ပြဌာန်းသွားမှာ ဖြစ်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်…