ယူကရိန်းမှာ ရုရှား အနိုင်ရရင် အမေရိကန်အတွက် ရှုံးနိမ့်မှုဖြစ်လာမယ်လို့ အီးယူသံတမန် သတိပေး
ကိဗ်၊ နိုဝင်ဘာ ၁၂ မကြာမီ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာတော့မယ့်အချိန်မှာ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်က ယူကရိန်းမှာ ရုရှားကို အနိုင်ယူခွင့်ပေးလိုက်ရင် အမေရိကန်အတွက် ရှုံးနိမ့်မှု တစ်ခု ဖြစ်လိမ့်မယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။ “ယူကရိန်း ပြိုလဲပြီး စစ်ပွဲမှာ ပူတင် အနိုင်ရခဲ့မယ်ဆိုရင် အမေရိကန်အတွက် အောင်ပွဲ…