ပွင့်ဖြူ၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့စေတုတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ် တစ်ကျော့ပြန်စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်နေတယ်လို့ ဒေ သခံတွေနဲ့ တော်လှန်ရေအင်အားစုတွေထံက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ ပွင့်ဖြူမြို့နယ်ကနေတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းကစပြီး စေတုတ္တရာမြို့ နယ်ရှိ ကျောက်ပုံ၊ ခဲပစ်၊ ညောင်ကုန်းကျေးရွာတွေထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက် အတိအကျ မသိရသေးပါဘူး။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပွင့်ဖြူမြို့နယ်အခြေစိုက် ဝါစိုက်ပျိုးရေးတပ်၊ အမှတ် ၂၅၅ ခြေလျင်တပ်ရင်း၊ စစ်မှုထမ်းသင်တန်ဆင်းတွေနဲ့ ပြည်သူ့စစ်သင်တန်းဆင်း စစ်သားတွေ အ များဆုံး ပါဝင်ပါတယ်။

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးကတော့ စစ်ကောင်စီစစ် ကြောင်းမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားအများဆုံး အသုံးပြုထားသလို အခုလုပ်ရပ်ဟာ သင်တန်းဆင်းတွေကို အသေခံခိုင်းပြီး ခွေးဇာတ်သွင်းတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ပွင့်ဖြူနဲ့စေတုတ္တရာမြို့နယ်အစပ်ကို စစ်ကောင်စီတပ် စစ် ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ဆုတ်သွားခဲ့တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်အစပ်က ကျေးရွာ ၁၃ ရွာက ပြည်သူလူထုတစ်သောင်းနီးပါး စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ အမိုး အကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.