တနင်္သာရီ၊ နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချတိုက် ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ မော်တုန်းကျေးရွာအုပ်စုရှိ ကတော့ကမ်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ကတော့ကမ်းကျေးရွာရှိ လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သလို အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပြင်း ထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်မ်းကို ပြောပါတယ်။
ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားနှစ်ဦးကိုတော့ နီးစပ်ရာကျန်းမားရေးဌာနကို အချိန်မီပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ မရှိတော့ဘူးလို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒရုန်းနဲ့အနီးပတ် ဝန်းကျင်ကျေးရွာတွေကို ကင်းထောက်တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေပြီး တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ မကြာခဏဆိုသလို တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၄ လုံးနဲ့ ဘုန်ကြီးကျောင်းရှိ ဘုရားစေတီတ ချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media