အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ပဲခူးတိုင်းရှိ မြို့နယ်တွေထဲ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီက PDF တွေ လုပ်တာ”ဆိုပြီး သတင်းအမှားဖြန့်ချီနေတဲ့အကြောင်း စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ပဲခူးတိုင်းရဲ့ ကျောက်ကြီး၊ ဖြူးနဲ့မုန်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာပြီး အရပ်သားတွေနေထိုင်ရာကို ဦးတည်ကာ လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တွေ ပြုလုပ်နေတာပါ။

ပဲခူးတိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၆၀ ၊ ၂၆၄ ခြေလျင်တပ်ရင်း၊ အမှတ် ၃၀၇၊ ၃၅၁ ခြေ မြန်တပ်ရင်း၊ ရင်းတိုက်ကုန်းစခန်းအပါအဝင် နတ်သံကွင်းစခန်းစတဲ့ တပ်စခန်းတွေကနေ နိုဝင်ဘာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံက Mizzima ကို ပြောထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာတွေထဲ ပြီးခဲ့တဲ့ နိုဝင်ဘာတတိယအပတ်အတွင်း စစ်ကောင်စီက ဒရုန်းနဲ့လက်နက်ကြီးတွေ အသုံးပြုပစ် ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ကျောင်းသူနှစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

KNU ထုတ်ပြန်ချက်

https://www.facebook.com/share/p/1Cv2nqL2wU

KIC သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=986237863533092&id=100064406626483&rdid=5wTmg3wgVzavhqke

Mizzima သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=906515604956032&id=100067928020493&rdid=ayoZsTo6MrIUsBQn

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.