တယ်လ်အဗစ်၊ နိုဝင်ဘာ ၂၂
နိုင်ငံတကာ ရာဇဝတ်မှု တရာရုံး ICC က ဂါဇာ ကမ်းမြောင်ဒေသမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အစ္စရေးက သုတ်သင်ပြီးပြီလို့ ပြောထားတဲ့ ဟားမာ့စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲ မိုဟာမက် ဒိုက်ယက်ဖ်တို့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ တရားရုံးရဲ့ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်ဟာ ICC အစိုးရ ရှေ့နေချုပ်ရဲ့ မေလက လျှောက်လဲချက်အပေါ် အခြေခံတာ ဖြစ်ပြီး အစ္စရေးရဲ့ ကာကွယ်ရေး ဝန်ကြီးချုပ်ဟောင်း ဂေါလန့်စ်၊ အစ္စရေး ဝန်ကြီးချုပ်နဲ့ ဟားမာ့စ် ခေါင်းဆောင်တွေ ပါဝင်နေပါတယ်။
အစ္စရေးက ဟားမာ့စ့်အဖွဲ့ကို နှိမ်နှင်းနေတာဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့စည်းကို နှိမ်နှင်းနေတာ ဖြစ်ပြီး အထက်ပါ စွဲချက်တွေလို စွပ်စွဲချက်မျိုးတွေကို ပယ်ချထားပါတယ်။
ဒါပေမဲ့ အထက်ပါ ကြေညာချက်ကြောင့် ICC အနေနဲ့ နေတန်ညာဟုကို ဖမ်းဆီးဖို့ မဖြစ်နိုင်သလို အခြား အစ္စရေး အရာရှိတွေကိုလည်း ဖမ်းဆီးဖို့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
ICC အနေနဲ့ တရားစီရင်ပိုင်ခွင့် အကန့်အသတ်နဲ့ ရှိနေတာကြောင့် နေတန်ညာဟုအနေနဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်စရာမလိုဘဲ နိုင်ငံအရပ်ရပ်သို့ ခရီးနှင်ခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။
အဓိက အကြောင်းရင်းက အမေရိကန်နဲ့ အစ္စရေးဟာ ICC အဖွဲ့ဝင် နိုင်ငံတွေ မဟုတ်တာကြောင့် ဖြစ်ပါတယ်။
ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေး တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြထားတာ ကြာပြီ ဖြစ်ပေမယ့် အမေရိကန်က အစ္စရေးကို လက်နက်တွေ ဆက်လက် ထောက်ပံ့နေပြီး အစ္စရေးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ ကူညီနေသလို ဖြစ်နေတယ် ဆိုတာကို လူ့အခွင့်အရေး အဖွဲ့ တော်တော်များများက ထောက်ပြထားပြီး ဖြစ်ပါတယ်။
Ref: Source: Bloomberg