မော်စကို၊ နိုဝင်ဘာ ၂၂

ပိုလန်နိုင်ငံမှာရှိတဲ့ အမေရိကန် ဒုံးကျည်အခြေစိုက်စခန်းဟာ မော်စကိုနဲ့ နေတိုးအဖွဲ့ကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရုရှားက သတ်မှတ်လိုက်ပါတယ်။

ရုရှားပိုင်နက်ထဲအထိ တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းကို အမေရိကန်က ခွင့်ပြုလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ဘော်လ်တစ် ကမ်းရိုးတန်းအနီး ရက်ဇီကိုဝိုမြို့မှာရှိတဲ့ အဲဒီ အခြေစိုက် စခန်းကို ရုရှားက ရန်စတဲ့နေရာ အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေရဲ့ မတည်မငြိမ် ဖြစ်စေတဲ့ ရန်စမှု တစ်ခု ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာရီယာ ဇာဟာရိုဗာက ပြောကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီ အမေရိကန် ဒုံးကျည် အခြေစိုက်စခန်းဟာ ယူကရိန်းသို့ ရုရှား ကျူးကျော် တိုက်ခိုက်မှုနဲ့ ကြုံနေချိန်မှာ လေကြောင်းရန် ကာကွယ်ရေးအနေနဲ့ ထားရှိတာ ဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ ရုရှား ပိုင်နက်ထဲအထိ တိုက်ခိုက်ရေး အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုနိုင်ကြောင်း သမ္မတဘိုင်ဒန်က ခွင့်ပြုလိုက်ပြီးနောက် ရုရှားက နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

FILE PHOTO: Delegates visit the deck house of the American ballistic missile defence base to be integrated into the “Aegis Ashore” missile defense system, on the day of its inauguration in Redzikowo, Poland, November 13, 2024. REUTERS/Kacper Pempel/File Photo

ယူကရိန်းက အခုလိုမျိုး ခွင့်ပြုချက်ရရှိပြီး နောက်တစ်ရက်မှာပဲ ရုရှား ပိုင်နက်ထဲကို အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို နောက်တစ်ရက်မှာ ဗြိတိန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီအခြေစိုက်စခန်းဟာ ကာကွယ်ရေးအတွက် သက်သက် ဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်ဖို့ ရည်ရွယ်ပြီး ချထားတာ မဟုတ်ဘူးလို့ ပိုလန်က ပြောဆိုထားပါတယ်။

အဲဒီ ဒုံးကျည် ကာကွယ်ရေး အခြေစိုက်စခန်းဟာ တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေကို ကာကွယ်ဖို့ ထားရှိတာဖြစ်ကြောင်း ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.