မော်လမြိုင်၊ နိုဝင်ဘာ ၂၁

နိုင်ငံတဝန်းမှာ အခုနှစ် လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅၄၃ ဦး သေဆုံးခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှား မှုအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီမှ တိုက်ခိုက်ရေးလေယာဉ်နဲ့ အကြိမ် ၁၂၁၀ ကြိမ်နဲ့ ဒရုန်းနဲ့ အကြိမ် ၁၀၀ နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အစီရင်ခံစာအရ လေကြောင်းတိုက်ခိုက်မှုဟာ ကလေးသူငယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့သက် ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးနိုင်တဲ့ ဘာဘာရေးအဆောက် အအုံ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၄၉ ဦးနဲ့ အမျိုးသမီး ၉၆ ဦး အပါအဝင် စုစုပေါင်း အရပ် သားပြည်သူ ၅၄၃ ဦး သေဆုံးခဲ့ပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း နေအိမ် ၆၃၃ လုံး၊ ဘာသာရေး အဆောက်အအုံ ၇၉ လုံး၊ စာသင်ကျောင်း ၂၆ ကျောင်း၊ ဆေးရုံနဲ့ ဆေးခန်း ၁၁ ခု၊ စီးပွားရေးနဲ့ဆိုင်တဲ့ အဆောက်အအုံ ၄၃၄ ခု၊ UN ရုံး ၁ ရုံး၊ စစ်ဘေးရှောင်စခန်း ၂ ခုနဲ့ အချုပ်ထောင် ၂ ခု ပျက် စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသအလိုက်အနေနဲ့ ရှမ်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၅၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့တာကြောင့် အခုလို အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက် လေယာဉ်ဆီတွေ လုံလုံလောက်လောက် ဝယ်ယူနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းအခြေစိုက် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီတွေကို ရေကြောင်းအာမခံကုမ္ပဏီတွေနဲ့ လေယာဉ်ဆီသယ်ယူပေးနေတဲ့ သင်္ဘောတွေပါ အရေးယူဒဏ်ခတ်မှုတွေ ထိရောက်စွာ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.