နေပြည်တော် ၊ နိုဝင်ဘာ ၂၁
ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် နိုင်ငံတကာကနေ လေ့လာအကဲခတ်ရေး ကိုယ် စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ့်အပေါ် အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံတယ်လို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
တရုတ်ခရီးစဉ်ကနေ သီးခြားစီတွေ့ဆုံခဲ့တဲ့ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ဝန်ကြီး ချုပ်တွေနဲ့ ဆွေးနွေးခဲ့တာတွေကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
မိမိတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေမှုနဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ သူတွေကို ဖိတ်ခေါ်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး လေးနိုင်ငံက ဝန်ကြီးချုပ်တွေကို ပြောကြားခဲ့ရာ နိုင်ငံအလိုက်ထောက်ခံတဲ့ ဆွေးနွေးချက်တွေ ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတေ့ စစ်ကောင်စီအနေနဲ့ စစ်ရေးအကျပ်အတည်းတွေကို ရုန်းထွက်ဖို့ နိုင် ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းတာလို့ သုံးသပ်ကြပါတယ်။
တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ချိန်မှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အကောင်အထည်ဖော်နေမှုကို တရုတ်နိုင်ငံအနေနဲ့ တက်တက်ကြွကြွ ထောက်ခံအားပေးတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို ထောက်ခံသလို ရွေး ကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း အကူအညီပေးမယ့်အကြောင်း တရုတ်ဝန်ကြီး ချုပ်က ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ မိမိတို့ရဲ့ဆောင်ရွက်ချက်တွေအပေါ် ပြတ်ပြတ်သားသား ရပ်တည်တဲ့ပြောကြားချက်တွေလို့ အစည်းအ ဝေးမှာ ထုတ်ပြောသွားတာပါ။
ရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ ၆၃ ရာခိုင်နှုန်းကျော် ကောက် ယူနိုင်ခဲ့ပြီး အခုနှစ်ကုန်ပိုင်းမှာ အပြီးသတ်ကောက်ယူနိုင်မယ်လို့ ခန့်မှန်းထားတာပါ။
လုံခြုံရေးကိုတော့မိမိတို့အနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေပြီး ရွေးကောက်ပွဲကိုလုံခြုံရေးအရ အပိုင်းလိုက်ခွဲကာ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ လုံခြုံ ရေးအခြေအနေပေါ် မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို အရင်ကျင်းပမယ့် အခြေအနေမျိုးပါ။
လက်ရှိမှာလည်း ရခိုင်အပါအဝင် ကချင်နဲ့ နိုင်ငံ့အလယ်ပိုင်းဒေသတွေမှာ စစ်ကောင်စီနဲ့ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် PDF ပူးပေါင်းအဖွဲ့ တွေကြား တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေတာပါ။
BNI-Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ တော်လှန်ရေးအင်အားစုတွေ ထိန်း ချုပ်ထားတဲ့ မြို့ပေါင်း ၈၄ မြို့အထိရှိလာပြီး အဲဒီမြို့တွေရဲ့ အုပ်ချုပ်ရေးအဆင့်ကိုကြည့်ရင် ခရိုင်အ ဆင့်၊ မြို့နယ်အဆင့်၊ မြို့အဆင့်နဲ့ မြို့နယ်ခွဲအဆင့်မြို့တွေ ပါဝင်ပါတယ်။
ဒီအခြေအနေတွေအပေါ် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးအတွက် အပစ်ရပ် EAO တွေ ပူးပေါင်းပါဝင်ပေးကြဖို့ကို အခုနှစ် NCA နှစ် ပတ်လည်မိန့်ခွန်းမှာ လေသံပစ်ထားတာပါ။
အခုအစည်းအဝေးမှာလည်း လာမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်စနစ်ကို အ သုံးပြုမှာဖြစ်လို့ မိမိတို့အနေနနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအင်အားစုတွေကတော့ အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဘက်ပေါင်းစုံအကျပ်အတည်းတွေကြား စစ်ကောင်စီကျင်းပမယ့် ရွေး ကောက်ပွဲကို တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media