November 19, 2024

ထားဝယ်မြို့မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ

ထားဝယ်၊ နိုဝင်ဘာ ၂၀ တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်ကြားမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၆ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး…

ကျိုက်ထိုမှာ PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်နှစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက အလုပ်ကိစ္စတစ်ခုအတွက် ခရီးသွားနေစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်တွေဟာ…

ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် နှင်ထုတ်မယ်လို့ ထရန့် ကြွေးကြော်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၉ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက် အပြုံလိုက် နှင်ထုတ်ဖို့ စစ်တပ် အသုံးပြုမယ့် အစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်က သူ့ရဲ့ လူမှုမီဒီယာမှာ အတည်ပြု ဖော်ပြထားပါတယ်။ ထရန့်က နိုင်ငံတော် အရေးပေါ် အခြေအနေ တစ်ရပ် ကြေညာပြီး စစ်တပ် အသုံးပြုမှာဖြစ်တာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေ အစုလိုက် အပြုံလိုက်…

အမေရိကန် ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာရင် ကျိန်းသေ လက်တုံ့ပြန်မယ်လို့ ရုရှား ကြုံးဝါး

မော်စကို၊ နိုဝင်ဘာ ၁၉ ယူကရိန်းက အမေရိကန် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး မိမိတို့ နယ်နိမိတ်ထဲကို တိုက်ခိုက်လာရင် သင့်တော်သလို ကျိန်းသေ လက်တုံ့ပြန်သွားမယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။ ရုရှား နယ်မြေထဲကို အဲဒီလို တိုက်ခိုက်လာမယ်ဆိုရင် ရုရှားအပေါ် ရန်စ တိုက်ခိုက်မှုတွေမှာ အမေရိကန်နဲ့ သူ့ရဲ့ ဂြိုဟ်တုတွေ တိုက်ရိုက် ပါဝင်တာပဲ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး…

ရေဖြူမှာ စစ်ကောင်စီတပ်သား ၆ ဦး PDF ထံ အလင်းဝင်

ရေဖြူ၊ နိုဝင်ဘာ ၁၉ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်သား သစ် စုဆောင်းခံရတဲ့ တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ ဒေါနစစ်တပ်ရင်းထံက သိရပါတယ်။ ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၂၇၃ ခြေမြန်တပ်ရင်းမှ တပ်သား ၅ ဦးနဲ့ ရေတပ်စခန်းမှာ တပ် သားတစ်ဦးဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ဒုတိယအပတ်က တောင်ပိုင်းစစ်ဒေသခွဲ…

ထားဝယ်မှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံး

ထားဝယ်၊ နိုဝင်ဘာ ၁၉ တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားမှာ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၅ ဦး သေ ဆုံးခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သုံးဘီးယာဉ်အသုံးပြုပြီး လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၁၃၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၅၆) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၉ AAPP ရဲ့ နိုဝင်ဘာ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၈၇) ရက်အတွင်း ပြည်သူ (၅၉၅၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၈၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မြန်မာစီးပွားရေးကုန်သည်တွေနဲ့ မိသားစုဝင်တွေကို ခြောက်လနေထိုင်ခွင့်ဗီဇာ တရုတ်ခွင့်ပြု

ရန်ကုန် ၊ နိုဝင်ဘာ ၁၉ မြန်မာနိုင်ငံက စီးပွားရေးကုန်သည်တွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေအပါအဝင် သားသမီးတွေကို ခြောက်လအထိ နေထိုင်ခွင့်ဗီဇာကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး ခွင့်ပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာပါတယ်။ ခွင့်ပြုပေးတဲ့ ဗီဇာဟာ ၅ နှစ်အတွင်း တရုတ်နိုင်ငံကို အကြိမ်ပေါင်းများစွာလာရောက်နိုင်တဲ့ သက် တမ်းအကြာဆုံး (Multiple Entry) အမျိုးအစားဖြစ်သလို လန်ချန်း-မဲခေါင်ဗီဇာဖြစ်တဲ့အတွက်…

မွန်ပြည်နယ်မှာ စစ်မှုထမ်းပျက်ကွက်သူတွေကို အရေးယူမှုစတင်

မော်လမြိုင် ၊ နိုဝင်ဘာ ၁၉ တပ်အင်အားပြုန်းတီးမှုနဲ့အတူ စစ်သည်လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန် ပြည်နယ်မှာ စစ်မှုထမ်းပျက်ကွက်သူတွေနဲ့ တိမ်းရှောင်သူတွေကို အမှုဖွင့်အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းပျက်ကွက်သူတွေကို သက် ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်အရေးယူမှုတွေ လုပ်ဆောင်ထားပြီး ဖမ်းဆီးသွားဖို့ ပြင်ဆင်နေတာပါ။ စစ်မှုထမ်းပျက်ကွက်သူတွေကို…

မြန်မာပြည်တောင်ပိုင်းဒေသမှာ လူပေါင်းငါးသိန်းနီးပါး ပဋိပ က္ခ ဒဏ်ခံစားနေရ

ရေး ၊ နိုဝင်ဘာ ၁၉ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ပဋိပက္ခဒဏ်ခံစားနေရသူ အရေအတွက် ငါးသိန်းနီးပါး ရှိလာတယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ MSHN ရဲ့ အစီ ရင်ခံစာက ဖော်ပြပါတယ်။ အစီရင်ခံစာမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက မြို့နယ် ၉ ခုမှာ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ စစ်ရေးအခြေအနေကြောင့် ပြောင်းရွှေ့နေထိုင်မှုနဲ့…