မော်လမြိုင်၊ နို၀င်ဘာ ၁၈
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျဝင်ရောက်စွက်နေမှုတွေကို ပြည်တွင်း ပြည်ပအင်အားစုများစုစုစည်းစည်းနဲ့ မဟာဗျူဟာမြောက်တုံ့ပြန်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကြီးတစ်ခု ဖော် ဆောင်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC က နိုဝင်ဘာ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ရဲ့ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခု လိုပြောဆိုခဲ့တာပါ
OGSCC အနေနဲ့ လက်ရှိနွေဦးတော်လှန်ရေးရဲ့ အခြေအ နေအရပ်ရပ်နဲ့သက်ဆိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာတစ်ကြိမ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာတစ် ကြိမ်၊ နိုဝင်ဘာလ၁၀ရက်နေ့မှာတစ်ကြိမ် စုစုပေါင်း သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ၊ NUG,NUCC မှတာဝန်ရှိသူများ၊ ရွေးကောက်ခံကိုယ်စား လှယ်များနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်တွင်းပြည် ပအင်အားစုတွေ၊ တတ်သိပညာရှင်တွေ တက်ရောက်ခဲ့ပြီး အကြေအလည်ဆွေးနွေးခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါ တယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးဝင်ရောက်စွက်ဖက်မှုတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တုံ့ပြန်ဖို့လိုနေတာ ကြောင့် ညှိနှိုင်းဆွေးနွေးဖို့အတွက် Global Seminar ကို ဦးဆောင်ပြီးခေါ်ခဲ့တာဖြစ်ပြီး တက်ရောက်လာသူ အား လုံးရဲ့ဆွေးနွေးတင်ပြမှုတွေအရ အားလုံးပါဝင်တဲ့ စုဖွဲ့မှုကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ Save Myanmar လှုပ်ရှားမှုအဖွဲ့ ဝါရှင်တန်ဒီစီက ကိုရင်အေးက ပြောပါတယ်။
“တရုတ် အပါအဝင်နိုင်ငံတကာရဲ့စွက်ဖက်မှုတွေဟာ ကျွန်တော်တို့ရဲ့ညီညွတ်မှုကိုပြသနိုင်ရင် ပြီးမြောက် အောင်မြင်မယ်ဆိုတဲ့ အချက်ကို ဆွေးနွေးတာကြောင့် အားလုံးပါဝင်တဲ့ စုဖွဲ့မှုအကြောင်းကိုထည့်သွင်းဆွေး နွေးဖို့ ဒုတိယအကြိမ် နဲ့တတိယအကြိမ်ကျင်းပဖို့ သတ်မှတ်ခဲ့တယ်။ အားလုံးအကျေအလည်ဆွေးနွေးပြီးတော့ မှ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
Global Seminar မှာပြည်သူ့အသံကို အဓိကနားထောင်ခဲ့တာဖြစ်ပြီး ပြည်သူရဲ့ အဓိကအသံဟာလည်း တရုတ်နိုင်ငံအနေနဲ့ ပေါ်လစီချိန်းရေးဖြစ်တာကြောင့် ဒီအချက်ကိုဖိအားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မတို့Global Seminarမှာ ပြည်သူရဲ့အဓိကအသံသည် တရုတ်ပေါ်လစီချိန်းရေးဖြစ်ပါတယ်။ ကျန်တဲ့ Goal တွေ သုံးလေးခု ဒီဟာကိုဘယ်လိုသွားမယ်ဆိုတာရှိပေမယ့် တကယ့် အားလုံးရဲ့ဘုံဘဘောတူညီချက်ဟာ တ ရုတ်ပေါ်လစီချိန်းရေးဖြစ်ပါတယ်။ အဲဒီမှာနောက်ထပ်အရေးကြီးတဲ့အချက်က စကစဟာ တရုတ်နဲ့ဆက်ဆံ ရေးရေချိန်အခုချိန် မှာပိုမြင့်လာတယ်။ တရုတ်-မြန်မာပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတွေ ထောင်မယ်ဆိုတာ မျိုးတွေအထိဖြစ်လာတယ်။ အဲဒီအပေါ်မှာ Seminar အနေနဲ့ နောက်အရေးကြီးတဲ့တစ်ချက်ကတော့ ကျွန်မတို့ က Initiate လုပ်ရတဲ့ Roleဖြစ်တဲ့အတွက် Responsible ကြီးတယ်။ ကျွန်မတို့က တရုတ်ပြည်သူတွေကို ထိခိုက် နစ်နာအောင် လုံးဝလုပ်မှာ မဟုတ်ပါဘူး” လို့ International Network for Myanmar Spring Revolution အဖွဲ့က ဒေါ်ခင်သီရိနန္ဒာစိုး ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ နှီးနှောဖလှယ်ပွဲတွေကနေ အဓိကဆုံးဖြတ်ချက်လေးချက်ကို ချမှတ်ထားနိုင်ခဲ့ပြီး အဲဒီ ဆုံးဖြတ်ချက်တွေထဲမှာ နိုင်ငံအသီးသီးကပညာရှင်တွေနဲ့ တိုင်ပင်ရေးဆွဲထားတဲ့ “Global Actions Against China’s Meddling in Myanmar” မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုဆန့်ကျင်ရေး ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုကြီးကိုဖော်ဆောင်ဖို့၊ တရုတ်အပါအဝင် နိုင်ငံတကာရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို အကောင်းဆုံးနဲ့ အလိုအပ်ဆုံးတုံ့ပြန်မှုဖြစ်တဲ့ Inclusive Legitimate Alliance လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ရေး ပူးပေါင်းကူညီဖို့တို့ ပါဝင်ပါတယ်။
ဒါ့အပြင် Stakeholders များထံသို့ မြေပြင်လူထုအမြင်တွေ၊ အကြံပြုချက်တွေကို တရားဝင်အိတ်ပိတ်ပေးစာ တွေပေးပို့သွားဖို့တွေရှိတယ်လို့လည်း သိရပါတယ်။
သတင်း-သံလွင်တိုင်းမ်