November 18, 2024

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို စုံစမ်း စစ်ဆေးဖို့ ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

ရောမ နိုဝင်ဘာ ၁၈ ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်၊မမြောက် စုံစမ်း စစ်ဆေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးရေး ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး လူသိရှင်ကြား တိုက်တွန်းမှု…

ထရန့် ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေအပေါ် အောက်လွှတ်တော် ဥက္ကဌ ဝေဖန်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၈ အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ အနှောင့်အယှက်ပေးမယ့် လူတွေကို ရွေးချယ်ထားတယ်လို့ နိုင်ငံ့ရဲ့ ရာထူး အမြင့်ဆုံး ရီပက်ဘလေကန် အောက်လွှတ်တော် ဥက္ကဌက ပြောကြားလိုက်ပါတယ်။ ထရန့် ရွေးချယ်ထားသူတွေဟာ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲပစ်မယ့်သူတွေ ဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်…

ကွတ်ခိုင်မြို့ ဗုံးကြဲခံရလို့ သုံးဦး သေဆုံး ၁၃ ဦး ဒဏ်ရာရ

ကွတ်ခိုင်၊ နိုဝင်ဘာ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီလေတပ်မှ ကွတ်ခိုင်မြို့ကို ဂျက်ဖိုက်တာ…

မြန်မာ့အရေး တရုတ်စွက်ဖက်မှုတွေကို တုံ့ပြန်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကြီးတစ်ခု ဖော်ဆောင်မယ်

မော်လမြိုင်၊ နို၀င်ဘာ ၁၈ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျဝင်ရောက်စွက်နေမှုတွေကို ပြည်တွင်း ပြည်ပအင်အားစုများစုစုစည်းစည်းနဲ့ မဟာဗျူဟာမြောက်တုံ့ပြန်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကြီးတစ်ခု ဖော် ဆောင်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC က နိုဝင်ဘာ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ရဲ့ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခု…