သံဖြူဇရပ်၊ နိုဝင်ဘာ ၁၆

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး စ ခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်နဲ့ အမျှ တိုက်ပွဲပြင်းထန်နေတာပါ။

နိုဝင်ဘာ ၅ ရက်နေ့ကနေ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ၁၀ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ထားပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သံဖြူဇရပ်အခြေစိုက် အမှတ် ၄ တန်းမြင့် လေ့ကျင့်ရေးတပ်က ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦး သေ ဆုံးထားပါတယ်။

သေဆုံးသွားတဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးရဲ့ နာရေးကို နို ဝင်ဘာ ၁၅ ရက်နေ့က သံဖြူဇရပ်တပ်နယ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသ တင်းရင်းမြစ်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားနေတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း သံဖြူဇရပ်တပ်နယ်ကနေ စစ်ကူအင်အား ၆၀ ကျော် ထပ်မံစစ်လွှတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအခြေစိုက် အနန်းကွင်းဗျူဟာစခန်း မကျရေးအတွက် စစ်ကူသွားမယ့် စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် စခန်းကြီး၊ ဇီးနှစ်ပင်၊ ရဲတံခွန်၊ ရွာသစ်၊ ပယော်ဟဲကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီတိုက်ပွဲကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းတွေဖြစ်တဲ့ ကျားဖြူ၊ နဂါးနီးစစ်ကြောင်းတွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.