မောင်တော ၊ နိုဝင်ဘာ ၁၆

ရခိုင်လူထုနဲ့ အာရက္ခတပ်တော်ရဲ့ အဓိက ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်အတွင်းရှိ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးကို မိမိတို့ ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ AA က ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေဟာ တစ်နှစ်ပြည့်တဲ့အချိန်အထိ အရှိန်လျော့ကျသွားတာမရှိဘဲ နေ့စဉ်နဲ့အမျှ ဆက်လက်ပြင်းထန်နေတယ်လို့ ရခိုင်နဲ့ ပလက်ဝဒေသ စစ်ဆင်ရေး တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဆင်ရေးတစ်နှစ်တာအတွင်း ချင်းပြည်ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်က မြို့နယ် ၁၀ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်တဲ့ မြို့နယ် ၇ ခုကို ဆက်လက်သိမ်း ပိုက်ဖို့ ရှိနေတာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ရေးရည်မှန်းချက် မပြီးမြောက်သေးတဲ့အခါမှာ ပြည်မတော် လှန်ရေးတွေဘက်က ဘယ်လိုလှုပ်ရှားလာမယ်ဆိုတာ အဓိကအချက်မို့ တကယ်လို့ရခိုင်ပြည် လွတ် မြောက်သွားရင် AA ကို အမှီပြုပြီး သူတို့စစ်ရေးရည်မှန်းချက်တွေ လုပ်ဆောင်ကြလိမ့်မယ်လို့ သုံး သပ်ပါတယ်။

“အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက်ကလည်း အပြည့်အဝပြီးမြောက်တယ်လို့ မပြောနိုင်သေးတဲ့ အချိန်အခါမျိုးမှာ သူတို့လည်း မဟာမိတ်ဆက်ဆံ‌ရေးက ထူထောင်ထားတာပေါ့။ အခြားဒေသမှာ ပြည်မတော်လှန်ရေး အင်အားစုတွေက ဘယ်လိုလှုပ်ရှားလာကြမလဲ။ ဘယ်လောက်အထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်နိုင်မလဲ။ အဲဒါကလည်း အဓိကအချက်မှာပါတယ်။ ဆိုတော့ ရခိုင်ပြည်ဟာ တကယ်လို့ စစ်ကောင်စီကင်းစင်သွားမယ်။ တနည်းအားဖြင့် လွတ်‌မြောက်သွားမယ်ဆိုရင်တော့ မီးစင်ကြည့်ကမယ့် သဘောတော့ရှိတာပေါ့။ တော်လှန်ရေးအင်အားစုတွေကတော့ ရခိုင်ပြည်ကို နောက်ခံထားပြီး အာရက္ခတပ်တော်ကို အမှီပြုပြီး သူတို့ စစ်ရေးရည်မှန်းချက်တွေကို လုပ် ဆောင်လာကြလိမ့်မယ်လို့တော့ ထင်ပါတယ်”လို့ ဆိုပါတယ်။

AA ကတော့ ရခိုင်ပြည်တစ်ခုလုံး ပြည်သူတွေလက်ထဲ အမြန်ဆုံးရောက်ရှိစေရေး စစ်ကောင်စီတပ် ဖွဲ့ဝင်တွေ ကင်းစင်ရေးအစရှိတဲ့ ရည်မှန်းချက်တွေအတွက် စစ်တပ်လက်ကျန်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

အပြီးသတ်သိမ်းပိုက်ဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောင်တောက အမှတ် ၅ နယ် ခြားစောင့်စခန်းတစ်ခုသာ ကျန်ရှိနေတာပါ။

အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်စခန်းတွေထဲက ဆက် လက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ နပခ စစ်ဌာနချုပ်အပါအဝင် တိုက်ခိုက်ရေးတပ်ရင်း၊ ထောက်ပံ့ပို့ ဆောင်ရေးတပ်ရင်းနဲ့ ဆက်သွယ်ရေးတပ်တွေ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

တစ်ဘက်မှာ အလုံးစုံသိမ်းပိုက်ထားတဲ့ မြို့တွေအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အာရက္ခပြည်သူ့ တော်လှန်အစိုးရအနေနဲ့ ထိုးစစ်တွေဆင်နွှဲရင်း ကြိုးပမ်းဆောင်ရွက်နေတာကြောင့် လို အပ်ချက်တွေရှိနေဆဲလို့ AA က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.