လောင်းလုံး၊ နိုဝင်ဘာ ၁၆
နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ LLPDF က ရဲဘော် ၂၀ ဦး ကျဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
LLPDF ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအားရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းအပါအဝင် လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအတွင်း ရဲဘော်တွေ ကျဆုံးရတာဟာ လက်နက်အင်အား မလုံလောက်မှု၊ အတွေ့ အကြုံနည်းပါးမှု၊ ရဲဘော်တစ်ဦးချင်း စွမ်းရည်လိုအပ်ချက်ရှိမှု၊ ဒလန်သတင်းပေးတိကျမှုတွေကြောင့် ကျဆုံးတာလို့ ဆိုပါတယ်။
ဒါကြောင့် ဒီနောက်ပိုင်းမှာ အားနည်းချက်တွေကိုပြင်ဆင်ပြီး စစ်ပညာသင်ကြားမှုအပါအဝင်ဘဏ္ဍာ ရေး လိုအပ်ချက်တွေအတွက် အဓိကလုပ်ဆောင်တယ်လို့ LLPDF ဒုတာဝန်ခံကိုကျွဲက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုဟာ တိုက်ပွဲအတွင်း ကျည်ထိမှန်တာ၊ လက်နက်ကြီးထိမှန်တာ၊ မိုင်းမတော်တဆမှုဖြစ်တာ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ပါဝင်ပါတယ်။
အာဏာသိမ်းကာလအတွင်း LLPDF တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေအပါအဝင် မြို့ တွင်း စစ်ဆင်ရေးအထိ ဖော်ဆောင်နိုင်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၈ ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-LLPDF