နောင်ချို၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ တအင်းတပ်မတော် TNLA က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုတာ တိုက်ခိုက်ရေးလေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ တရာရုံးနဲ့ ရဲစခန်းအနောက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားလေး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တရားရုံးအပြင် နေအိမ်သုံးလုံးနဲ့ အိမ်စီးကားတွေလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း နောင်ချိုမြို့မရပ်ကွက်ဈေးရှိ ခရီးသည်တွေ စည်းကားနေတဲ့ လန်းဆန်းလက်ဖက်ရည်ဆိုင် ဗုံးကြဲခံရတာကြောင့် ဒေသခံနဲ့ ခရီးသွားပြည်သူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.