ကျောက်ကြီး၊ နိုဝင်ဘာ ၁၄
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျောက်ကြီးနဲ့မုန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေ ဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့က ကျောက်ကြီးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကျောက်ကုန်းကျေးရွာထဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆ လအ ရွယ် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မုန်းမြို့နယ်အခြေစိုက် အမှတ် ၄၃၉ ခြေမြန်တပ်ရင်းကနေ မျက်နီကွင်းကျေးရွာထဲ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ၂၀ အရွယ် နော်မူစေးဖိုး ထိမှန်သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် နော်ကြည်ဘော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ထွနီကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် နော်ဝါးဝါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီသုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည် သူပိုင် နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU