smart

မော်လမြိုင် ၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ ပြည်သူတွေကိုဖိအားပေးကောက်ယူခဲ့တဲ့အတွက် မှန်ကန်တိကျမှုမရှိဘူးလို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ NRFF ကနေထုတ်ပြန်တဲ့ “ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း – မွန်ပြည်မှ ပဲ့တင်သံ ”ဆိုတဲ့ စစ် တမ်းကနေ သိရပါတယ်။

စစ်တမ်းတွေ့ရှိချက်အရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူရေးဟာ နယ် မြေအနေအထားအရ အပြည့်အဝကောက်ခံနိုင်ခြင်းမရှိခဲ့တဲ့အပြင် ဒေသနေပြည်သူတွေဆီက မှန် ကန်တဲ့ အချက်အလက်တွေပေးဖို့ ပူးပေါင်းတာလည်း မရှိခဲ့ပါဘူး။

တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ ၆၉ ရာခိုင်နှုန်းလောက် အပြည့်ကောက်ယူနိုင်ခဲ့ပြီး ၁၅ ရာ ခိုင်နှုန်းကျော်ကိုတော့ ရပ်ရွာတစ်ချို့မှာသာ ကောက်ယူနိုင်ခဲ့ပေမယ့် ကျန် ၁၅ ရာခိုင်နှုန်းကိုတော့ လုံးဝကောက်ယူနိုင်ခြင်းမရှိဘူးလို့ NFRR က သံလွင်တိုင်းမ်ကို ပြောပါတယ်။

၁၀ မြို့နယ်ထဲက စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့နယ်မြေထိန်းချုပ်ရေးယန္တရားတွေ အားကောင်းတဲ့ မော်လမြိုင်၊ ချောင်းဆုံနဲ့ ပေါင်မြို့နယ်တို့မှာသာ အပြည့်အဝကောက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံမင်းသံလွင်က သန်ခေါင်းစာရင်းကောက်ယူနေတဲ့ ဝန်ထမ်းတွေကိုယ်တိုင် သူတို့လုံခြုံရေးကို စိုးရိမ်နေတဲ့အတွက် မြို့ပေါ်ထက် ကျေးလက်တွေမှာ ခက်ခက်ခဲခဲ ကောက်ယူခဲ့တာလို့ ဆိုပါတယ်။

“သန်းခေါင်စာရင်း ကောက်ယူရေးမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကိုယ်တိုင်က သူတို့လုံခြုံရေးကို သူတို့ စိုးရိမ်နေတဲ့ အခြေအနေမျိုးတွေရှိတယ်။ အဲဒါအခါကျတော့ မြန်မြန်ဆန်ဆန် ကောက်ယူရတာမျိုးတွေ တွေ့ရတာပေါ့။ မြို့ပေါ်တွေမှာတော့ လွယ်လွယ်ကူကူနဲ့ သူတို့ကောက်ယူနိုင်ခဲ့တယ်ဆိုပေမယ့် ကျေးလက်တွေ ကျေးရွာတွေကို ကောက်ယူတဲ့အခါမှာတော့ ခက်ခက်ခဲခဲနဲ့ ကောက်ယူခဲ့တာကို ကျွန်တော်တို့ တွေ့ရှိရတာပေါ့” လို့ ဆိုပါတယ်။

တချို့မြို့နယ်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် ကောက်ခံတဲ့ပုံစံနဲ့ လုပ်ဆောင်ခဲ့ပေမယ့် တချို့မြို့နယ်တွေမှာတော့ ဘုန်းတော်ကြီးကျောင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ လူစုခိုင်းပြီးစာရင်းကောက် ယူတာတွေလည်း ရှိခဲ့တာပါ။

သန်းခေါင်စာရင်းကောက်ယူနေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြကာ လမ်းတွေပိတ်ဆို့တာ၊ လမ်းသွားလမ်းလာ လူငယ်တွေကို မသင်္ကာမှုတွေနဲ့ ခေါ်ယူစစ်ဆေးတာ၊ ပြည်သူပိုင်ယာဉ်တွေကို ချောဆွဲအသုံးပြုတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေကို ပြည်သူတွေ ကြုံတွေ့ခဲ့ရတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။

မေးခွန်းမေးမြန်းရာမှာလည်း လက်ရှိအထိ မိသားစုဝင်တစ်ဦးဦးက တော်လှန်ရေးမှာ ပါဝင်နေဆဲ အိမ်ထောင်စုက အသေးစိတ်အချက်အလက်တွေ မေးမြန်းခြင်းမပြုဖို့ဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ငွေကြေးနဲ့ လာဘ်ထိုးထားရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ စစ်ရေးအရ ရှုံးနိမ့်နေမှုကနေ နိုင်ငံ‌ရေးအသွင် ထွက်ပေါက်ရရှိဖို့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်ရွယ်ချက်နဲ့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုမရှိဘဲ လုပ်ဆောင်ခဲ့တာလို့ စစ်တမ်းကထောက်ပြပါတယ်။

ညွန်ကြားချက်တွေ ကွင်းဆင်းအ‌ကောင်အထည်ဖော်ရာမှာ စနစ်တကျမရှိဘဲ အဂတိလိုက်စားမှုတွေ မသမာမှုတွေ ကြီးထွားစေတာမျိုးကိုလည်း မြင်တွေ့ရတယ်လို့ မင်းသံလွင်က ပြောပါတယ်။

“စစ်ကောင်စီရဲ့ ညွန်ကြားချက်တွေ မြေပြင်ကွင်းဆင်းအ‌ကောင်အထည်ဖော်တဲ့နေရာမှာ စနစ်တကျ လုပ်ဆောင်ခြင်း မရှိတာကိုလည်း တွေ့ရတဲ့အတွက် သန်းခေါင်စာရင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေ အဂတိလိုက်စားမှုတွေ မသမာမှုတွေကို ကြီးထွားစေတာမျိုးတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ရပါတယ်”လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေအထားဟာ မြို့ပေါင်း ၃၃၀ ထဲက ၂၃၀ ကျော်ဟာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၃ ဒသမ ၄ သန်းရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့အ စည်းက အသိပေးထားတာပါ။

အခုလို တိုင်းပြည်မတည်ငြိမ်မှု ပြင်းထန်နေချိန် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အထူးသဖြင့် ပညာရေးဝန်ထမ်းတွေက ပြည်သူတွေကို ဖိအားပေးကောက်ခံခဲ့တဲ့ သန်ခေါင်းစာရင်းဟာ မှန်ကန်မှုမရှိနိုင်ဘူးလို့ စစ်တမ်းက ဆိုထားပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB ကလည်း ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူခဲ့တဲ့ လုပ်ငန်းစဉ်မှာ မူလ ရည်မှန်းရက်ထက် ၁၅ ရက်ထပ်တိုးပြီး ကောက်ယူခဲ့ရတာဟာ သန်းခေါင်စာရင်း ကောက်ယူမှုမအောင်မြင်ခဲ့ကြောင်း စစ်အုပ်စုကိုယ်တိုင် သက်သေပြခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.