November 14, 2024

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ချထားမှု ကျိန်းသေတုံ့ပြန်မယ်လို့ အမေရိကန် ပြော

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၄ ယူကရိန်း နယ်စပ်မှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားတွေနဲ့ အတူ မြောက်ကိုရီးယားက စစ်သားတွေ ချထားမှုအတွက် ကျိန်းသေတုံ့ပြန်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၁၃ ရက်က သတိပေးလိုက်ပါတယ်။ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာရင် အနာဂတ်ကာလအတွက် အကူအညီပေးမယ့် အစီအစဉ် ပျက်ပြယ်နိုင်တာကြောင့် ယူကရိန်းအတွက် အကူအညီ…

စင်ကာပူအစိုးရက အရွယ်ရောက်နိုင်ငံသားတွေကို ငွေကြေးထောက်ပံ့မယ်

စင်ကာပူ၊ နိုဝင်ဘာ ၁၄ ၂၀၂၅ ခုနှစ်အတွင်း အသက် ၂၁ နှစ်နဲ့ အထက်ရှိမယ့် စင်ကာပူနိုင်ငံသား ၂ ဒသမ ၉ သန်းဟာ အခုနှစ် ဒီဇင်ဘာလအတွင်း ငွေသား စင်ကာပူ ဒေါ်လာ ၂၀၀ နဲ့ ၆၀၀ ကြား လက်ခံရရှိကြမှာ ဖြစ်ပါတယ်။ စင်ကာပူ အိမ်ထောင်စုတွေအတွက် စားဝတ်နေရေး ကုန်ကျစရိတ် ဖိအားတွေ…

KNU နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

ကျောက်ကြီး၊ နိုဝင်ဘာ ၁၄ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျောက်ကြီးနဲ့မုန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေ ဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့က ကျောက်ကြီးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကျောက်ကုန်းကျေးရွာထဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆…

သထုံမှာ PDF စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရပြန်

သထုံ၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်း ဆီးခံလိုက်ရတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ဆေးနေစဉ် ဘီးလင်းမြို့နယ်ကနေ သထုံမြို့နယ်ထဲ ဆိုင်ကယ်မောင်းနှင်းလာတဲ့ လူငယ်…

အမ်းအခြေစိုက် တပ်ရင်း၊ တပ်စခန်းရှစ်ခုကို AA သိမ်းယူ

အမ်း၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က တပ် ရင်းတွေအပါအဝင် တပ်စခန်းရှစ်ခုကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အာရက္ခဒေသ စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ခမရ ၃၇၃၊ အမြောက်တပ်ရင်း ၃၇၄၊ လျှပ် စစ်အလုပ်ရုံတပ်ခွဲ (လလစ…

စစ်အာဏာသိမ်း (၁၃၈၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၄ AAPP ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၈၂) ရက်အတွင်း ပြည်သူ (၅၉၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၇၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ စစ်ကောင်စီကောက်ယူခဲ့တဲ့ သန်းခေါင် စာရင်း မှန်ကန်တိကျမှုမရှိဘူးလို့ NRFF ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ ပြည်သူတွေကိုဖိအားပေးကောက်ယူခဲ့တဲ့အတွက် မှန်ကန်တိကျမှုမရှိဘူးလို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ပြောပါတယ်။ သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ NRFF ကနေထုတ်ပြန်တဲ့ “ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း – မွန်ပြည်မှ ပဲ့တင်သံ ”ဆိုတဲ့ စစ် တမ်းကနေ သိရပါတယ်။…