November 9, 2024

စစ်ကောင်စီကို ILO ဥပဒေ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်

မော်လမြိုင် ၊ နိုဝင်ဘာ ၁၀ အာဏာသိမ်း စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အတွက် ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် ILO ရဲ့ အခြေခံဥပဒေ ပုဒ်မ ၃၃ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာအလုပ်သမားများအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အောက်တိုဘာ…

ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်က ထိုင်းဝန်ကြီးချုပ်ကိုပြော

နေပြည်တော် ၊ နိုဝင်ဘာ ၁၀ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့တဲ့ ထိုင်းဝန် ကြီးချုပ်ကို ပြောသွားခဲ့ပါတယ်။ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်လာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝပ်ထရာက နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ခေါင်းဆောင်နဲ့ သီးသန့်တွေ့ ဆုံခဲ့ကြတာပါ။ တွေ့ဆုံမှုအတွင်း…

ဖာပွန်ဗျူဟာက တပ်မိသားစုတွေကို အပြင်ထွက်ခွာခွင့် ပိတ်ပင်ထား

ဖာပွန်၊ နိုဝင်ဘာ ၁၀ KNLA တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်စစ်ဗျူဟာမှာရှိနေတဲ့ တပ်မိ သားစုတွေကို စစ်ကောင်စီတပ်က အပြင်ထွက်ခွာ ခွင့်မပြုဘူးလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တို့ကို ပြီးခဲ့တဲ့ မတ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ…

တနင်္သာရီမှာ စစ်ကောင်စီတပ်သားတစ်ဦး PDF ထံ အလင်းဝင်

တနင်္သာရီ၊ နိုဝင်ဘာ ၁၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အ လင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ဆောင်ရွက်နေချိန် နိုဝင်ဘာ ၄ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာခဲ့တာပါ။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ မောင်ဝေလင်းနိုင် ဖြစ်ပြီး MA2…

မြောက်ကိုရီးယားက နျူကလီးယားနဲ့ တိုက်ခိုက်လာရင် အမေရိကန်နဲ့ ပေါင်းပြီး ပြန်တိုက်မယ်လို့ တောင်ကိုရီးယား ပြော

ဆိုးလ်၊ နိုဝင်ဘာ ၉ မြောက်ကိုရီးယားက မိမိတို့ကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် မိမိတို့ရဲ့ မဟာမိတ် အမေရိကန်နဲ့ ပေါင်းပြီး ပြန်လည် တိုက်ခိုက်ရေး ကြိုတင်ပြင်ဆင်ထားတယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က ပြောကြားခဲ့ကြောင်း Newsweek သတင်းက နိုဝင်ဘာ ၈ ရက်မှာ ဖော်ပြပါတယ်။ တောင်ကိုရီးယားအနေနဲ့ နိုင်ငံကို ကာကွယ်ဖို့ ကိုယ်ပိုင်…

ထိုင်းအစိုးရက ရွှေ့ပြောင်းနေထိုင်သူ ၄၈၀,၀၀၀ ကျော်ကို နိုင်ငံသားဖြစ်ခွင့်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၉ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ လူနည်းစု တိုင်းရင်းသား တော်တော်များများကို နိုင်ငံသား ဖြစ်ခွင့်ပြုဖို့ ထိုင်းအစိုးရရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ကို ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC က နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးများအဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ကြေညာခဲ့တဲ့ အဲဒီအစီအစဉ်က ထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်နေသူတွေ ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ မွေးဖွားသူ…

အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါဖြစ်ပွားနေ

မန္တလေး၊ နိုဝင်ဘာ ၉ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ လျှပ်စစ်မီး ပြတ်တောက်တာကို အကြောင်းပြပြီး ရေချိုးခွင့် ကန့်သတ်ထားတာကြောင့် အကျဉ်းသားတွေမှာ အရေးပြားရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ရေလုံလောက်စွာ သုံးစွဲခွင့်မရရှိတော့သလို အခုနိုဝင်ဘာလမှာလည်း ချိုးရေတွေနဲ့ အိမ်သာရေတွေပါ မလုံလောက်တဲ့ ပြဿနာတွေနဲ့ ဆိုးဆိုးဝါးဝါး…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

ကျောက်ကြီး၊ နိုဝင်ဘာ ၉ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ငဖယ်အင်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပိန်းဇလုပ်အခြေစိုက် အမှတ် ၂၆၄ ခြေလျင် တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ငဖယ်အင်းကျေးရွာထဲကို လက်နက်ကြီး ၅…

အမေရိကန်ရွေးကောက်ပွဲ NUG အသိအမှတ်မပြုဘူးလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“NUG က အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြု”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ လုပ်ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်ရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၆…